ဘူးသီးတောင်-မောင်တောဒေသကို အစွန်းရောက်ဘင်္ဂါလီများ၏ ခိုင်မာသည့်နယ်မြေအဖြစ် တည်ဆောက်ရန် ကြိုးစားလာခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသားများ၌ မပါဝင်သည့် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း တောင်းဆိုရန် ကြိုးစားလာကြောင်းနှင့် ဘင်္ဂါလီကိစ္စတွင် တစ်သွေးတည်းဖြစ်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Published 16 September 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဘူးသီးတောင်-မောင်တောဒေသကို အစွန်းရောက်ဘင်္ဂါလီများ၏ ခိုင်မာသည့်နယ်မြေအဖြစ် တည်ဆောက်ရန် ကြိုးစားလာခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသားများ၌ မပါဝင်သည့် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်း တောင်းဆိုရန် ကြိုးစားလာကြောင်းနှင့် ဘင်္ဂါလီကိစ္စတွင် တစ်သွေးတည်းဖြစ်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အစွန်းရောက်ဘင်္ဂါလီများက ဘူးသီးတောင်-မောင်တောဒေသကို ၎င်းတို့၏ ခိုင်မာသည့်နယ်မြေအဖြစ် တည်ဆောက်ရန် ကြိုးစားလာခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသားများတွင် မပါဝင်သည့် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်းတောင်းဆိုရန် ကြိုးစားလာကြောင်းနှင့် ဘင်္ဂါလီကိစ္စ၌ တစ်သွေးတည်းဖြစ်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြောကြားမှုကို ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်အုပ်ချုပ်မှုကျောင်းရှိ ရန်ကြီးအောင်ခန်းမ၌ ဥပဒေ ဒီပလိုမာအရာရှိကြီး သင်တန်းသို့ တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသား တပ်မတော်အရာရှိကြီးများအား စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် အစွန်းရောက် ဘင်္ဂါလီများ အကြမ်းဖက်မှုတွင် ထိတွေ့မှုဖြစ်စဉ် ၉၃ ကြိမ်ရှိခဲ့ပြီး ယင်းအကြမ်းဖက်မှုဖြစ်စဉ်သည် ကြိုတင်စီစဉ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ရခိုင်ဒေသရှိ အစွန်းရောက် ဘင်္ဂါလီလူမျိုးများက ဘူးသီးတောင်-မောင်တောဒေသကို ၎င်းတို့၏ ခိုင်မာသည့်နယ်မြေ တစ်ခုဖြစ်အောင် တည်ဆောက်ရန် ကြိုးစားလာခြင်းဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများထဲတွင် မပါဝင်သည့် ရိုဟင်ဂျာလူမျိုးအဖြစ် ထည့်သွင်းတောင်းဆို ကြိုးစားလာကြောင်း၊ ဘင်္ဂါလီကိစ္စသည် အမျိုးသားရေးဖြစ်၍ မှန်မှန်ကန်ကန်ဖြင့် မိမိတို့အားလုံး တစ်သွေးတည်းဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်ချစ်စိတ်ဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညွတ်မှုရှိရန်လိုကြောင်း၊ မီဒီယာများကလည်း စည်းလုံးညီညွတ်မှုရှိရန်လိုကြောင်း၊ တပ်မတော်ကောင်းအောင် တပ်မတော်ထဲတွင်ရှိသူများက လုပ်ဆောင်ကြရမည် ဖြစ်သလို မိမိတိုင်းပြည် တိုးတက်ကောင်းမွန်အောင် မြန်မာနိုင်ငံသားတိုင်းက ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံ အဖွဲ့အစည်းများကိုသာ အားကိုးနေ၍မရကြောင်း၊ နောက်ကွယ်မှ အကျိုးအကြောင်း ဆက်စပ်မှုများ ရှိနေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ကိုယ့်နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရန် ဒေသခံတိုင်းရင်းသားများ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ဒေသပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင်လည်း ဒေသခံ တိုင်းရင်းသားအားလုံးလည်း အဓိကပါဝင်ရန်လိုကြောင်း၊ ဒေသခံများ၏ လုံခြုံရေး အပါအဝင် မိမိတို့ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီစနစ်မှာ ဥပဒေနှင့်အညီ လုပ်ဆောင်ရသည့် ကျင့်စဉ်များဖြစ်ကြောင်း၊ ဥပဒေပြင်ပမှ တစ်စုံတစ်ရာမျှ လုပ်ဆောင်၍မရကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု အခြေအနေများ အရသာ လက်ရှိလျှောက်လှမ်းနေသည့် ဒီမိုကရေစီစနစ် မယိမ်းယိုင်သွားစေရန်၊ စိတ်ချ ယုံကြည်ရစေရန် ပါဝင်ထိန်းသိမ်း လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများသည် ဥပဒေအရသာဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့်အညီသာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ လုပ်ဆောင်မှုဆိုရာတွင် တပ်မတော်သားများသည် စစ်သည်တော်ကျင့်ဝတ်နှင့် အညီ၊ သတ်မှတ်ထားသည့် စစ်စည်းကမ်းများနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး ဂျနီဗာကွန်ဗင်းရှင်းကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသည်။