ဗီယက်နမ်တွင် မူးယစ်ဂိုဏ်းနှင့် ရဲများအကြား နှစ်ရက်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်နှစ်ဦး သေဆုံး

ဗီယက်နမ်တွင် မူးယစ်ဂိုဏ်းနှင့် ရဲများအကြား နှစ်ရက်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဂိုဏ်းခေါင်းဆောင်နှစ်ဦး သေဆုံး
Published 1 July 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ဟနွိုင်းမြို့အပြင်ဘက်၌ မူးယစ်ဆေးစွဲမှု အန္တရာယ်သတိပေးဆိုင်းဘုတ်ကို တွေ့ရစဉ် (Photo: AFP)

လာအိုအနီး ဗီယက်နမ်နယ်စပ်ရှိ တောင်တန်းဒေသတစ်ခုတွင် လိုဏ်ဂူထဲတွင် ပုန်းနေကြသည့် မူးယစ်ဆေးဂိုဏ်းအဖွဲ့ဝင်များ နှင့် ရဲများအကြား နှစ်ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဘိန်းဖြူမှောင်ခို ဂိုဏ်းခေါင်းဆောင်များဟု ယူဆရသူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာတွင် အပြင်းထန်ဆုံး မူးယစ်ဆေးနှိမ်နင်းမှုဥပဒေအချို့ ပြဋ္ဌာန်းထားသည့် ဗီယက်နမ်ကွန်မြူ နစ်နိုင်ငံ၌ ရဲများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများသည် အလွန်အမင်း ကြုံခေါင့်ကြုံခဲဖြစ်သည်။

မူးယစ်ဆေးတန်ပေါင်းများစွာသည်  နယ်စပ်များကို ဖြတ်ကျော်၍ နှစ်စဉ်ဝင် ရောက်နေသည့် လာအိုနှင့်ထိစပ်နေသည့် ဒေသများတွင် မူးယစ်ဆေးဝါးများစွာကို ပုံမှန် ဖမ်းဆီးရမိနေသည်။ ယခုသီတင်းပတ်တွင် အံ့အားသင့်ဖွယ် ထိုပစ်ခတ်မှုအတွင်း မူးယစ် ဆေးဂိုဏ်းခေါင်းဆောင်နှစ်ဦးနှင့် ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း၊ အခြားလူ သုံးဦးကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်မြောက်ပိုင်းရှိ ဆန်းလပြည်နယ်တွင် ကိုယ်တိုင်ပြုလုပ်ထားသောဂူများ၌ လက်နက်ကိုင်အစောင့်များဖြင့် ပုန်းအောင်းနေသည့် ထိုမူးယစ်ဆေးဂိုဏ်းအား နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် သံချပ် ကာယာဉ်များသည် ဇွန် ၂၈ ရက်တွင် ထို ဒေသသို့ သွားရောက်ခဲ့သည်။ လာအိုနယ်စပ် အနီး ရွာငယ်တစ်ရွာတွင် ရဲများနှင့် မူးယစ်ဆေး ဂိုဏ်းအဖွဲ့ဝင်များအကြား နှစ်ရက်ကြာ  အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အမျိုးသားသံုံးဦးအား အရှင်ဖမ်းမိခဲ့ပြီး သေနတ်နှင့် ရိုင်ဖယ်လေးလက်၊ လက်ပစ်ဗုံး သုံးလုံးနှင့် ကျည်ဆန်အတောင့်ရာပေါင်း များစွာတို့ကို ရဲတပ်ဖွဲ့က သိမ်းဆည်းမိခဲ့ ကြောင်း ထိုပြည်နယ်ရဲတပ်ဖွဲ့သတင်းရင်း မြစ်တစ်ဦးက ပြောကြားခဲ့သည်။ သေဆုံးခဲ့သူများတွင် ဘိန်းဖြူတစ်တန်နီးပါးအား မှောင်ခိုတင်ပို့ခဲ့ပြီးဟု ယုံကြည်ရသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် Nguyen Thanh Tuan  နှင့် Nguyen Van Thuan တို့ ပါဝင်သည်။

ထိုဒေသတွင် ဂက်စ်ဘူးများထဲ၌ ဝှက်၍ သယ်လာသော ဘိန်းဖြူကီလိုဂရမ် ၁၂၀ ဂရမ်ကို ဖမ်းမိခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ထို မူးယစ်ဆေးဂိုဏ်းအကြောင်းကို ရဲတပ်ဖွဲ့က သတင်းစတင်ရရှိခဲ့ကြောင်း ဗီယက်နမ်ပြည် သူ့လုံခြုံရေးဝန်ကြီးဌာန၏အာဘော်သတင်းစာ Cong An Nhan Dan က ဖော်ပြခဲ့သည်။ ဆက်လက်ပုန်းအောင်းနေသည်ဟု ယူဆရသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်အချို့ကို ရဲတပ်ဖွဲ့ က လိုက်လံရှာဖွေနေစဉ် ထိုဒေသတွင် ဇွန် ၂၉ ရက်၌ လုံခြုံရေးတင်းကျပ်ခဲ့သည်။

ယခုနှစ်အစောပိုင်းတွင်လည်း လာအိုမှတစ်ဆင့် လက်ဖက်ခြောက်ထုတ်များထဲ တွင် ဝှက်၍ သယ်ဆောင်လာပြီး နောက်ထပ် တစ်နိုင်ငံသို့ ပို့မည်ဟု ယူဆရသည့် ဒေါ်လာသုံးသန်းတန်ဖိုးရှိ ဘိန်းဖြူများအား ဗီ ယက်နမ် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။ လာအို၊ ထိုင်းနှင့် မြန်မာတို့၏အစိတ်အပိုင်းများကို ဖြတ်သန်းထိစပ်နေသော ရွှေတြိဂံဒေသတွင် ဗီယက်နမ်သည် အဓိက ကြားခံစခန်းတစ်ခု ဖြစ်နေသည်။ ဗီယက်နမ်တွင် ဘိန်းဖြူဂရမ် ၆၀၀ သို့မဟုတ် မက်သမ်ဖီတမင်းဆေးပြား ၂ ဒသမ ၅ ကီလိုဂရမ်ကျော်အား လက်ဝယ်ထားခြင်း သို့မဟုတ် မှောင်ခိုကူးခြင်း ပြုလုပ်ပါက သေဒဏ်ကျခံရနိုင်သည်။