ဂျပန်တွင် မွေးကင်းစ ကလေးအလောင်းကို ပစ္စည်းသိမ်းဗီရိုထဲ၌ စွန့်ပစ်ခဲ့သည့် မိခင်ကို ဖမ်းဆီး

ဂျပန်တွင် မွေးကင်းစ ကလေးအလောင်းကို ပစ္စည်းသိမ်းဗီရိုထဲ၌ စွန့်ပစ်ခဲ့သည့် မိခင်ကို ဖမ်းဆီး
Published 3 June 2018

တိုကျိုမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ကလေးမွေးပြီးနောက် ထိုမွေးကင်းစကလေးအား သတ်ပစ်လိုက်ကာ ပစ္စည်းသိမ်းဗီရိုတစ်ခုထဲ၌ စွန့်ပစ်ခဲ့သော ဂျပန်အမျိုးသမီးတစ်ဦးကို ဇွန် ၂ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲများက ထုတ်ပြန်ခဲ့သည်။

အနံ့ဆိုးများထွက်သည်ဟု သတင်းပေးမှုကြောင့် ပြီးခဲ့သည့်လက ပစ္စည်းသိမ်းဗီရိုတစ်ခုအား သွားရောက်စစ်ဆေးကြည့်ခဲ့ရာ အသက်ရှူကျပ်၍ သေဆုံးခဲ့သည်ဟု ယူဆရသော ပုပ်သိုးနေသော မွေးကင်းစကလေးတစ်ဦး၏ အလောင်းအား ရဲများက တွေ့ရှိခဲ့ရသည်။ ထို့နောက် အသက် ၂၅ နှစ်အရွယ် မာအိုတိုဂါဝါကို အလောင်းစွန့်ပစ်မှုဖြင့် သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထို အမျိုးသမီးက ၎င်းသည် ဇန်နဝါရီလက တိုကျိုမြို့တော်ရှိ ဖျော်ဖြေရေးရပ်ကွက် ကာဘူကီချိုမှ  ကာတွန်းဖတ်နိုင်သော ကော်ဖီဆိုင်တစ်ခု တွင် ကလေးမွေးခဲ့ကြောင်း၊ ထို့နောက် ကလေးမှာ ငိုသဖြင့် ချက်ချင်းသတ်လိုက်ကြောင်း၊ ကလေးအလောင်းကို ခရီးဆောင် အိတ်ထဲထည့်ပြီး အနီးရှိ ပစ္စည်းသိမ်းဗီရိုတစ်ခုတွင် သွားထားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဗီရိုထဲသို့ ထိုအမျိုးသမီးက အကြွေစေ့များထည့်နေသည်ကို စီစီတီဗွီမှ တစ်ဆင့် တွေ့မြင်ခဲ့ရပြီးနောက် ရဲများက ၎င်းင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ စွပ်စွဲမှုအများအပြားကို ဝန်ခံထားပြီးဖြစ်သည့် ယင်းအမျိုးသမီးသည် နောက်ပိုင်းတွင် လူသတ်မှုဖြင့် စွဲချက်တင်ခံရနိုင်ခြေရှိသည်။