Facebook က ချိန်းတွေ့ ဝန်ဆောင်မှုအသစ်ကို ဆောင်ရွက်မည်

Facebook က ချိန်းတွေ့ ဝန်ဆောင်မှုအသစ်ကို ဆောင်ရွက်မည်
Published 3 May 2018

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက် Facebook  က မကြာခင်  ချိန်းတွေ့ဝန်ဆောင်မှု အစီအစဉ်သစ်တစ်ရပ်ကို  ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း Facebook  အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘတ်က မေ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး Cambridge Analytica  အရှုပ်တော်ပုံဖြစ်ပွားခဲ့ပြီး နောက်ကိုယ်ရေး ကိုယ်တာအချက်အလက် အကာအကွယ်ပေးမှုကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့တွင် Facebook ၏နှစ်စဉ် F8 developers ကွန်ဖရင့်ကို တက်ရောက်ပြောကြားစဉ် အဆိုပါအစီအစဉ်များကို ၎င်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ချိန်းတွေ့ဝန်ဆောင်မှု အစီအစဉ်သည် ကာလရှည်မိတ်ဆွေများကို ရှာဖွေရာတွင် လူများကိုအကူအညီပေး သွားရန်ဖြစ်သည်ဟု အလေးထားပြောကြားခဲ့သည်။ ‘ဒီအစီအစဉ်ဟာ အဆက်အသွယ်လုပ် ရုံသက်သက်သာမဟုတ်ဘဲ ရေရှည်စစ်မှန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ ဖြစ်ပါတယ်’ ဟု ယင်းအစီအစဉ်သစ်ကို မိတ်ဆက်ပြသရင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အိမ်ထောင်ရှင်သုံးဦး၌ တစ်ဦးသည် အွန်လိုင်းသုံးသောကြောင့် Facebook သုံးသူ သန်း ၂၀၀ သည် တစ်ကိုယ်ရည်သမားများဖြစ်သည်ဟု ဇက်ကာဘတ်က အလေးထားပြောကြားခဲ့ သည်။ ပုံစံသစ်အရသုံးစွဲသူများသည် သာမန်သိကျွမ်းမှု၊ အပြန်အလှန် သိကျွမ်းမှုအမှတ်များ၊ ချိန်းဆိုမှုဆိုင်ရာ ဦးစားပေးအချက်များပေါ်တွင် အခြေခံထားသည့် အကြံပြုလိုက်ဖက်ညီမှုများနှင့်အတူ မိမိမိတ်ဆွေများ၏ ကွန်ရက်တွင် မမြင်နိုင်သော သီးသန့်ချိန်းတွေ့မှု ပရိုဖိုင်းကို ဖန်တီးနိုင်မည် ဖြစ်သည်။

Facebook ၏ အမာခံ တင်ဆက်မှုနှင့်အတူ ၎င်းကို အခမဲ့အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုထုတ်ပြန်ကြေညာချက်ကြောင့် အွန်လိုင်းချိန်းတွေ့ရေးဆိုက်ကြီးတစ်ခုဖြစ်သည့် Match.com ၏အစုရှယ်ယာများကို တန်ဖိုးကျဆင်းသွားစေခဲ့ပြီး သာမန်တစ်နေ့ တာရှယ်ယာရောင်းဝယ်မှုသည် ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

Facebook သည် ချိန်းတွေ့ဝန်ဆောင်မှု ပရိုဖိုင်းကို ပုံမှန် Facebook နှင့် ခွဲထားမည် ဖြစ်သည်။ Facebook သူငယ်ချင်းများ နှင့် ချိန်းတွေ့မှု ပြုရန်လည်းယင်း ပရိုဖိုင်းက အကြံပြုချက် ဖော်ပြပေးမည် မဟုတ်ပေ။ ထို့ပြင် ချိန်းတွေ့ ပရိုဖိုင်းသည် Facebook ၏ သာမန် News Feed များတွင် ပေါ်မည်မဟုတ်ဘဲ သူငယ်ချင်းများကလည်း မြင်နိုင်မည် မဟုတ်ပေ။ ချိန်းတွေ့ ဝန်ဆောင်မှုကို အသုံးပြုသူ အချင်းချင်းသာ မြင်တွေ့နိုင်မည် ဖြစ်သည်။

 

Most Read

Most Recent