ကိုရီးယား အခွံမာသီးအရှုပ်တော်ပုံမှ အမျိုးသမီး၏ ညီမဖြစ်သူ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရ

ကိုရီးယား အခွံမာသီးအရှုပ်တော်ပုံမှ အမျိုးသမီး၏ ညီမဖြစ်သူ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရ
Published 2 May 2018

မေ ၁ ရက်က ဆိုးလ်ရှိ ရဲစခန်းတစ်ခုသို့ ရောက်ရှိလာသော ကိုရီးယားလေကြောင်းလိုင်း ဒုတိယဥက္ကဋ္ဌဟောင်း ချိုဟွန်းမင်ကို တွေ့ရစဉ် (Photo - AFP)

ကိုရီးယားဘီလျံနာတစ်ဦး၏ အေးတိအေးစက်မျက်နှာထားရှိသော သမီးဖြစ်သူသည် မေ ၁ ရက်က တောင်းပန်စကားပြောကြားခဲ့သည်။ ၎င်း၏ အစ်မဖြစ်သူမှာ နာမည်ကျော် အခွံမာသီးအရှုပ်တော်ပုံကို စတင်ခဲ့သူဖြစ်သည်။ ၎င်းမှာမူ စီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ဦး၏မျက်နှာကို အသီးဖျော်ရည်ဖြင့်ပက်ခဲ့မှုဖြင့် လက်ရှိတွင် ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်း ခံနေရသည်။

“ပူပန်စရာတွေ ဖြစ်စေခဲ့တဲ့အတွက် ကျွန်မတကယ့်ကို စိတ်မကောင်းပါဘူး” ဟု ချိုဟွန်းမင်က ဆိုးလ်မြို့ရှိ ဂန်ဆီအိုရဲစခန်း အပြင်ဘက်တွင် ဂျာနယ်လစ်အများအပြားကို ထပ်တလဲလဲ ပြောကြားခဲ့သည်။ သို့သော် မည်သည့်အကြောင်းအရာအား ရည်ညွှန်းသည်ကိုမူ မထုတ်ဖော်ခဲ့ပေ။

ဟန်ဂျင်အုပ်စု ဥက္ကဋ္ဌချိုယန်ဟို၏ သမီးအငယ်ဖြစ်သော ချိုဟွန်းမင်သည် အကြမ်းဖက်မှု၊ နှောင့်ယှက်မှုတို့ဖြင့် စွပ်စွဲခံနေရသည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ဟန်ဂျင်အုပ်စုသည် တောင်ကိုရီးယားနိုင်ငံထဲမှ ၁၅ ခုမြောက် အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုကြီးဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်း၊ စီမံခန့်ခွဲရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပိုင်ဆိုင်ပြီးနည်းပညာနှင့် ဟိုတယ်လုပ်ငန်းများတွင်လည်း ရှယ်ယာများပါဝင်ထားသည်။ ဟန်ဂျင်အုပ်စုပိုင် ဟန်ဂျင်သင်္ဘောလုပ်ငန်းသည် တစ်ချိန်က ကမ္ဘာ့အကြီးဆုံး သင်္ဘောပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး ယမန်နှစ်ကပင် ဒေဝါလီခံခဲ့ရသည်။

သမီးအငယ် ချိုဟွန်းမင်သည်ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းခြင်းအား ခံနေရခြင်းက ချိုမိသားစုဝင်များ၏ တရားဥပဒေနှင့်ငြိစွန်းသော နောက်ဆုံးလုပ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ယင်းတို့ထဲမှ နာမည်အကြီးဆုံးဖြစ်စဉ်မှာ ဟန်ဂျင်ဥက္ကဋ္ဌ၏ သမီးအကြီး ချိုဟွန်းအာ၏ ၂၀၁၄ ခုနှစ်က အခွံမာသီးကိစ္စ ဖြစ်ခဲ့သည်။

ချိုဟွန်းအာသည် ၎င်းအား မက်ကာဒေးမီးယား အခွံမာစေ့များကို ပန်းကန်နှင့်ထည့်၍ ဧည့်ခံရမည့်အစား အိတ်လိုက်ချပေးခဲ့သည့်အတွက် လေယာဉ်ဝန်ထမ်းနှစ်ဦးကို ဖိအားပေး ဒူးထောက်တောင်းပန်ခိုင်းခဲ့ပြီး အဆိုပါလေယာဉ်ကိုလည်း ဂိတ်သို့ ပြန်လှည့်ခိုင်းခဲ့သေးသည်။ ကမ္ဘာတစ်ဝန်းတွင် ခေါင်းစီးဖြစ်ခဲ့ရသော ထိုကိစ္စကို အခွံမာသီး အရှုပ်တော်ပုံဟု အမည်တပ်ခဲ့ကြသည်။

ချိုညီအစ်မနှစ်ဦး၏မိခင် လီမြောင်ဟီကိုလည်း ဝန်ထမ်းများအပေါ် ကိုယ်နှုတ်အမူအရာတို့ဖြင့် စော်ကားခဲ့မှုဖြင့် စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်ကပင် ထုတ်ပြန်ထားသည်။

Ref ; AFP

Most Read

Most Recent