အိန္ဒိယတွင် လက်နှိပ်စက်ကျွမ်းကျင်မှုဆိုင်ရာ နောက်ဆုံးစာမေးပွဲအပြီး လက်နှိပ်စက်ခေတ် အဆုံးသတ်ခဲ့

အိန္ဒိယတွင် လက်နှိပ်စက်ကျွမ်းကျင်မှုဆိုင်ရာ နောက်ဆုံးစာမေးပွဲအပြီး လက်နှိပ်စက်ခေတ် အဆုံးသတ်ခဲ့
Published 13 August 2017

သြဂုတ် ၇ ရက်က မွမ်ဘိုင်းရှိ အစိုးရရုံးတွင် နောက်ဆုံးပြုလုပ်သည့် လက်နှိပ်စက်ကျွမ်းကျင်မှု စစ်ဆေးသည့် စာမေးပွဲတွင် ဖြေဆိုနေကြသူများ (Photo: AFP)

လက်ရေးတိုကျောင်းများ၌ သြဂုတ် ၁၁ ရက်တွင် နောက်ဆုံး လက်တွေ့စာမေးပွဲ ကျင်းပပြီးစီးခဲ့သောကြောင့် အိန္ဒိယ၏စီးပွားရေး မြို့တော် မွမ်ဘိုင်း၌ တရားရုံး အဆောက်အအုံနှင့် အစိုးရရုံးများရှေ့ တွင် လက်နှိပ်စက်ရိုက်သည့် မြည်သံများသည် မကြာမီ တိတ်ဆိတ် ငြိမ်သက်တော့မည်ဖြစ်သည်။

အိန္ဒိယတွင် ဒီဂျစ်တယ်ပုံစံကူး ပြောင်းသော စီးပွားရေးသို့ တွန်းအားပေး လုပ်ဆောင်နေသောကြောင့်  မဟာရာရှ်ထရာပြည်နယ်တစ်ဝန်းတွင်  ရှေးဆန်သောနည်းများဖြင့် သင်ကြားပေးနေသည့် သင်တန်းကျောင်း ၃၅၀၀ ခန့်  တစ်စတစ်စ ရပ်ဆိုင်းလာတော့မည် ဖြစ်သည်။

“နည်းပညာ ဆန်းသစ်ပြောင်းလဲလာမှုကြောင့် လက်နှိပ်စက်တွေ ကျရှုံးလာတဲ့အတွက် လက်နှိပ်စက် ခေတ်တစ်ခေတ် အဆုံးသတ်ပြီ” ဟု  မွမ်ဘိုင်းတွင် လက်ရေးတိုနှင့် လက်နှိပ်စက် သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ထားသည့် Ashok Abhyankar က ပြောကြားခဲ့သည်။

အနောက်နိုင်ငံတွင် သမိုင်းစာအုပ်များထဲ၌ ကာလကြာချောင် ထိုးထားသော်လည်း လက်နှိပ်စက်များသည် အိန္ဒိယနိုင်ငံရှိ ဥပဒေဆိုင် ရာရုံးခန်းများ၊ ရဲဌာနများနှင့် အစိုးရ ရုံးများတွင် နေရာအနှံ့တွေ့ရှိရသည့် အင်္ဂါရပ်တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။

တရားရုံးများတွင် တွေ့ရသည့် လက်နှိပ်စက်ရိုက်သူများသည် ပေါင်းကူးစြင်္ကံလမ်းများအနီးတွင် ရှေးဟောင်းလက်နှိပ်စက်များဖြင့် ကျမ်းကျိန်လွှာများ၊ မိသားစုမှတ်တမ်းများနှင့် အခြားဥပဒေဆိုင်ရာ စာရွက်စာတမ်းများကို ၂၅ ရူပီး (၃၉ ဆင့်)ထက်နည်းသည့် ငွေကြေးဖြင့် ရိုက်ပေးခဲ့သည်။

ပြည်နယ်တစ်ဝန်းတွင် ရုံးသုံး လက်တွေ့ လက်နှိပ်စက် အသိအမှတ်ပြု လက်မှတ်အတွက် နှစ်စဉ် ကျောင်းသား ၇၀၀၀၀၀ ခန့် စာမေး ပွဲဖြေဆိုခဲ့သည်ဟု လက်ရေးတို လက်နှိပ်စက် ကျွမ်းကျင်မှုကို နှစ် ၈၀ ကျော် သင်ကြားပေးခဲ့သည့် Abhyankar က  ပြောကြားခဲ့သည်။

ယင်းလက်မှတ်များသည် အလုပ်လက်မဲ့ဖြစ်ခြင်းနှင့်  အစိုးရရုံးစာရေးများနှင့် လက်ရေးတို လက်နှိပ်စက် စာရေးများအဖြစ် အလုပ်အကိုင်ပြောင်းရန် နည်းလမ်းတစ်ခုအဖြစ် လက်နှိပ်စက်ရိုက်ခြင်းကို လေ့လာသင်ယူသည့် ဆင်းရဲသည့် ကျေးလက်နေ လူငယ်များအတွက် တကယ်လိုအပ်သည့်အရာတစ်ခုဖြစ်သည်။

သို့သော် အစိုးရက လူဦးရေ ၁ ဒသမ ၃  ဘီလျံရှိသည့် နိုင်ငံ တစ်ဝန်းတွင် e-service များ လည်ပတ်ရန် ခေတ်မီနည်းပညာကိုအသုံးပြုမည့်  အစိုးရစီမံချက်တစ်ခုဖြစ်သည့် Digital India ကို အကောင် အထည်ဖော်နေစဉ် ယင်းကျွမ်းကျင်မှုများက တိုး၍တိုး၍ ကွယ်ပျောက်လာမည်ဖြစ်သည်။

“ကွန်ပျူတာဈေးနှုန်းတွေကျဆင်းလာပြီး အစိုးရဌာနတွေမှာ လက်နှိပ်စက်အသုံးပြုမှုတွေကို တစ်စတစ်စ ရုပ်သိမ်းလာမှုနဲ့အတူ လက်နှိပ်စက် ရိုက်သူတွေအတွက် အနာဂတ် မရှိတော့ဘူး” ဟု Abhyankar က ပြောကြားခဲ့သည်။

အိန္ဒိယသည် ကြေးနန်းစာလုပ်ငန်းကို ၁၆၃ နှစ်ကြာ လုပ်ဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ယင်းဝန်ဆောင်မှုကို မပိတ်သိမ်းမီတွင် ကမ္ဘာတွင် ဧရာမကြေးနန်းစာလုပ်ငန်းကို လည်ပတ်ခဲ့သည့် နောက်ဆုံး နိုင်ငံဖြစ်သည်။