နယူးယောက်တွင် ကုန်တင်ကား ယာဉ်မောင်းက ကားနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံး

နယူးယောက်တွင် ကုန်တင်ကား ယာဉ်မောင်းက ကားနှင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံး
Published 1 November 2017

(Photo : AFP)

နယူးယောက်တွင် ကုန်တင်ကားယာဉ်မောင်း တစ်ဦးက ကားနှင့်တိုက်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ပြီး ၂၀၁၁၊ စက်တင်ဘာ ၁၁ ရက် နောက်ပိုင်း နယူးယောက်တွင် ပထမဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

၉/၁၁ အထိမ်းအမှတ် နေရာနှင့် ဘလောက်အနည်းငယ်သာဝေးသော မန်ဟက်တန်အောက်ဘက်တွင် ထရပ်ကားယာဉ်မောင်းက နေ့ခင်းဘက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူ ၁၁ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ ကားနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော နေရာသည် ကျောင်းများနှင့် နီးပြီး ကလေးများနှင့် မိဘများက ဟောလိုးဝင်းဆင်နွှဲရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

(Photo : AFP)

“ဒါဟာ အကြမ်းဖက် လုပ်ရပ်ပါ။ အထူးသဖြင့် အပြစ်မဲ့ အရပ်သားတွေကို ရည်ရွယ်ခဲ့တဲ့ သရဲဘောကြောင်မှုပါ။ သူတို့ကို လာတိုက်တာ ဘာဆိုတာကို မသိတဲ့လူတွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တာပါ” ဟု မြို့တော်ဝန် ဘေဒီဘလာစီယိုက ပြောကြားခဲ့သည်။

ထရပ်ကား ယာဉ်မောင်းသည် အသက် ၂၉ နှစ်အရွယ် ဆေပူလိုဘိုင်ပေါ့ဖြစ်ကြောင်း ဥပဒေစိုးမိုးရေး သတင်းရင်းမြစ်များက ဖော်ထုတ်ပေးခဲ့သည်။ ၎င်းသည် မစ်ဇူရီတွင် ယမန်နှစ်က လမ်းအချက်ပြမီးစည်းကမ်း ချိုးဖောက်မှုအတွက် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ဖလော်ရီဒါတွင် နေထိုင်သော ယင်း ဥဇဘက် အမျိုးသားသည် မကြာသေးမီက နယူးဂျာစီတွင် နေထိုင်ခဲ့ပြီး ထရပ်ကားကို နယူးဂျာစီမှ ငှားခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Most Read

Most Recent