နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည်ဟု ဆိုကာ ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရန် အမိန့်ချပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်တစ်နှစ် ထပ်မံကျခံစေရန် အမိန့်ချ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည်ဟု ဆိုကာ ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရန် အမိန့်ချပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်တစ်နှစ် ထပ်မံကျခံစေရန် အမိန့်ချ
Published 18 September 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဆဲဆိုဝေဖန် ပုတ်ခတ်သည့်စာများ Facebook တွင် ရေးသားသည်ဟု ဆိုကာ ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခံရသော ငါးမင်းဆွေကို ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရန် အမိန့်ချပြီး ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်တစ်နှစ် ထပ်မံကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

ငါးမင်းဆွေအား စက်တင်ဘာ ၁၈ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ယင်းသို့အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ငါးမင်းဆွေကို လှိုင်မြို့နယ် လှိုင်မြင့်မိုရ်အိမ်ရာ မာဃလမ်း ၁၀ ရပ်ကွက်ရှိ နေအိမ်တွင် ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်လခန့်အကြာတွင် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ-၁၂၄ (က) မှာ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း၊ မလေးမစားအောင်သော် လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင်၊ လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သိရသည်။

ထို့ပြင် မေတ္တာပျက်စေခြင်းဆိုသည့် စကားတွင် သစ္စာမဲ့ခြင်းနှင့် အငြိုးထားသောစိတ်လည်း ပါဝင်ကြောင်း၊ မုန်းထားအောင်သော် လည်းကောင်း မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် အားထုတ်ခြင်းမရှိဘဲ အစိုးရ၏ ဆောင်ရွက်မှု အစီအစဉ်ကို ဥပဒေနှင့်ညီသောနည်းဖြင့် ပြောင်းလဲပြုပြင်စေရန် ရည်ရွယ်လျက် ထိုဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်၊ မုန်းထားအောင်သော် လည်းကောင်း မလေးစားအောင်သော် လည်းကောင်း၊ မေတ္တာပျက်အောင်သော် လည်းကောင်း ဖြစ်စေရန် လှုံ့ဆော်ခြင်း သို့တည်းမဟုတ် လှုံ့ဆော်ရန် ကြံစည်အားထုတ်ခြင်း မရှိဘဲ အစိုးရ၏ စီရင်အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်မှုကို သို့တည်းမဟုတ် အခြားဆောင်ရွက်မှုကို သဘောမကျကြောင်း ထုတ်ဖော်ခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်ဟု ဖော်ပြထားသည်။