မင်းသား ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ ပြည်မြို့ရှိ ပရိသတ်များဖြင့် တွေ့ဆုံ

မင်းသား ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ ပြည်မြို့ရှိ ပရိသတ်များဖြင့် တွေ့ဆုံ
Published 20 April 2018

မင်းသားဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံတို့ ပြည်မြို့ရှိ ပရိသတ်များဖြင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီက မင်္ဂလာဂါးဒန်းဟိုတယ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံအား ချစ်မြတ်နိုးသည့် လူငယ်ပရိတ်သတ်များက စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြို့ခံ ၂၀၀ ကျော် တက်ရောက်ကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် မင်းသားဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့က ပြည်မြို့တွင် ၎င်းတို့ရုပ်ရှင်ဇာတ်လမ်း ပြသခြင်းမရှိသည့်အတွက် ပရိတ်သတ်များကို အားနားရပြီး တနည်းနည်းဖြင့် ပြသခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရုပ်ရှင်ကားများကို ရုံတင်စရာမလိုပဲ ပရိတ်သတ်ထံရောက်ရှိရန် နည်းလမ်းရှာသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Most Read

Most Recent