Chevrolet ကားကုမ္ပဏီက 2017 Marlibu ကားမော်ဒယ် အသစ်ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ မိတ်ဆက်

Chevrolet ကားကုမ္ပဏီက 2017 Marlibu ကားမော်ဒယ် အသစ်ကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ မိတ်ဆက်
Published 29 July 2017


2017 Marlibu ကားအသစ်အား မော်ဒယ်လ်တစ်ဦးက ပြသနေစဉ်

Chevrolet ကားကုမ္ပဏီက 2017 Marlibu ကားမော်ဒယ်သစ်ကို ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ရန်ကုန်မြို့ နိုဗိုတယ်ဟော်တယ်၌ မိတ်ဆက်ပြသခဲ့သည်။

Chevrolet Marlibu ကားကို မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် တင်သွင်းခြင်းဖြစ်ပြီး 2017 Marlibu ကားသည် ယခင်က တင်သွင်းသည့် 2017 Marlibu ကားထက် အင်ဂျင်ပါဝါ ပိုမိုကောင်းမွန်ပြီး ကားစီးနင်းသူများအတွက် Safety ဖြစ်စေသည့် နည်းပညာများ ပါဝင်ကြောင်း သိရသည်။

“Marlibu ကားကို မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ် တင်သွင်းတာပါ။ Old Model နဲ့ New Model 2017 နဲ့က အင်ဂျင်ပါဝါကအစ ကွာတယ်။ Safety ဖြစ်အောင် လုပ်ပေးထားတယ်။ ကားရဲ့ ပတ်ပတ်လည်မှာ Sensor အပြည့်တပ်ထားတဲ့ အတွက်ကြောင့် ကားရဲ့ ရှေ့ကနေ ဖြတ်ပြေးတာမျိုးဆိုရင် Auto Break System ပါတယ်။ ကားတစ်စီးနဲ့တစ်စီး နီးကပ်လာပြီဆိုရင် Alarm ပေးတဲ့ စနစ်တွေ ပါတယ်။ ကားက ဘေးဘယ်ညာယိမ်းသွားမယ်ဆိုရင် Alarm ပေးတဲ့စနစ်တွေ ပါတယ်။ နောက်ပြီး Marlibu ကားက ဆလွန်းအမျိုးအစား ဖြစ်ပေမယ့် Sport အမျိုးအစားလိုမျိုး ခံစားရမယ်” ဟု Chevrolet Myanmar ၏ Sale Manager Mr.Ricky က ပြောကြားသည်။

အဆိုပါ 2017 Marlibu ကားမှာ LTZ နှင့် LT စသည့် အမျိုးအစားနှစ်မျိုးရှိပြီး Marlibu LTZ ကားမှာ အမေရိကန်ဒေါ်လာ ၅၃၀၀၀ ဈေးနှုန်းရှိပြီး Marlibu LT ကားမှာ အမေရိကန်ဒေါ်လာ ၄၅၀၀၀ ဈေးနှုန်းရှိကြောင်း သိရသည်။ Marlibu LTZ နှင့် LT နှစ်မျိုးမှာ ကား၏အပြင်ဘက်သွင်ပြင်မှာ ကွာခြားမှုမရှိဘဲ ကားအတွင်းပိုင်းဘက်တွင် အနည်းငယ် ကွာခြားမှုရှိကြောင်း သိရသည်။

2017 Marlibu မော်ဒယ်သစ်ကားသည် လုံခြုံသည့် ကိုယ်ထည်တည်ဆောက်မှုဖြင့် ဖွဲ့စည်းထားပြီး လေအိတ်ရှစ်လုံးအထိ ပါဝင်ကြောင်း သိရသည်။

Writer: ရှိုင်းလင်းအောင်