သြစတြေးလျအိုးပင်းတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲသည့် အိုဆာကာ ကမ္ဘာ့အဆင့် (၁) နေရာပါ လွှဲပြောင်းရရှိ

သြစတြေးလျအိုးပင်းတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲသည့် အိုဆာကာ ကမ္ဘာ့အဆင့် (၁) နေရာပါ လွှဲပြောင်းရရှိ
Photos : AFP
Photos : AFP
Published 26 January 2019

အိုဆာကာသည် မာတီနာဟင်းဂစ် (၁၉၉၈ ခုနှစ်) နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲ နှစ်ပွဲဆက်တိုက် အနိုင်ရသည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်း နစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦး ဗိုလ်လုပွဲကို ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းက ကျင်းပရာ ဂျပန် နိုင်ငံသူ နာအိုမီအိုဆာကာက ချက်နိုင်ငံသူ ခီဗီတိုဗာကို (၂-၁) ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အိုဆာကာ (ဆီဒင် ၄) နှင့် ခီဗီတိုဗာ (ဆီဒင် ၈) တို့နှစ်ဦးစလုံးသည် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်ပြီး အိုဆာကာက ၇-၆ (၇-၂)၊ ၅-၇၊ ၆-၄ ဖြင့် အနိုင်ရကာ ချန်ပီယံဆုဖလား ဆွတ်ခူးရရှိခဲ့သည်။ ပထမပွဲတွင် နှစ်ဦးစလုံး မိမိစပေးဘောအလှည့်များ တွင် အမှားအယွင်းမရှိ အနိုင်ရခဲ့သောကြောင့် အကြိတ်အနယ်ရှိပြီး Tie-break ဖြင့် ဆုံးဖြတ် ခဲ့ရသည်။  Tie-break ရိုက်ရာတွင် စပေး ဘောရိုက်ချက်များ ပိုမိုကောင်းမွန်သည့် အိုဆာကာက ၇-၂ မှတ်ဖြင့် အနိုင်ရပြီး စတင် ဦးဆောင်ခွင့်ရခဲ့သည်။ ဒုတိယပွဲအစတွင် ခီဗီတိုဗာ ပွဲငယ်နှစ်ပွဲဆက် အနိုင်ရသော်လည်း အိုဆာကာက ပြန်လိုက်လာပြီး ခီဗီတိုဗာ၏ စပေးဘောအလှည့်တွင် ၅-၃ ပွဲဖြင့် ဦးဆောင် နေစဉ်ရမှတ် (၄၀) ဖြင့် ချန်ပီယံဖြစ်ရန် အခြေအနေကောင်းပိုင်ဆိုင်ခွင့်ရခဲ့သည်။ သို့သော် ယင်းပွဲတွင် ခီဗီတိုဗာက နောက်မှလိုက်၍ အနိုင်ရခဲ့သလို ပွဲငယ်များ ထပ်မံအနိုင်ရသောကြောင့် ၇-၅ ပွဲဖြင့် ပြန်လည်အနိုင်ရ ကာ တစ်ပွဲစီသရေဖြစ်သွားသည်။ တတိယပွဲတွင်မူ ခီဗီတိုဗာ၏ရိုက်ချက် အမှားများလာပြီး အိုဆာကာက တည်ငြိမ်စွာတုံ့ပြန်နိုင်ခဲ့သော ကြောင့် ၆-၄ ပွဲဖြင့် အနိုင်ရကာ စုစုပေါင်း (၂-၁) ပွဲဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

အသက် (၂၁) နှစ်သာရှိသေးသည့် အိုဆာကာသည် ဟေတီနိုင်ငံသားဖခင်နှင့် ဂျပန်နိုင်ငံသူမိခင်တို့မှ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ မွေးဖွာခဲ့ပြီး အသက်သုံးနှစ်မှစ၍ အမေရိကန် နိုင်ငံ၌ နေထိုင်ကြီးပြင်းခဲ့သူဖြစ်သည်။ ၎င်းသည် သြစတြေးလျအိုးပင်းပြိုင်ပွဲ၌ ပထမဆုံး အကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ၂၀၁၈ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင်လည်း ချန်ပီယံဆုရရှိထားရာ ကစားသမားဘဝ ဒုတိယမြောက် ဂရင်း စလင်းအောင်မြင်မှု ရယူနိုင်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အိုဆာကာသည် မာတီနာဟင်းဂစ် (၁၉၉၈ ခုနှစ်) နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲ နှစ်ပွဲဆက်တိုက် အနိုင်ရသည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အိုဆာကာသည် ဇန်နဝါရီ (၂၈) ရက် ထုတ်ပြန် မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်းတွင်လည်း ရိုမေးနီးယားနိုင်ငံသူ ဟာလပ်ထံမှ အဆင့် (၁) နေရာကိုပါ လွှဲပြောင်းရယူနိုင်မည် ဖြစ်ရာ ဝေါ်ဇ်နီယာကီ (၂၀၁၀ ပြည့်နှစ်) နောက်ပိုင်း အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် (၁) ကစားသမားဖြစ်လာကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် အာရှကိုယ်စားပြုကစား သမားများ (အမျိုးသား၊ အမျိုးသမီးအပါ အဝင်) အနက် ကမ္ဘာ့အဆင့် (၁) နေရာ ရပ်တည်နိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်မည်ဖြစ်သည်။

 

Most Read

Most Recent