100 Plus မှရရှိသည့် စပွန်ဆာငွေများကို လူငယ်ဖွံ့ဖြိုးရေးအတွက် MFF အဓိကသုံးစွဲမည်

100 Plus မှရရှိသည့် စပွန်ဆာငွေများကို လူငယ်ဖွံ့ဖြိုးရေးအတွက် MFF အဓိကသုံးစွဲမည်
Photo : EMG
Photo : EMG
Published 26 January 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် 100 Plus မှ ရရှိသည့် စပွန်ဆာငွေများ အား လူငယ်ဖွံ့ဖြိုးရေးအတွက် အဓိကသုံးစွဲ မည်ဖြစ်ကြောင်း သိရသည်။

MFF ၏ တစ်နှစ်အသုံးစရိတ်မှာ ဒေါ် လာငါးသန်းကျော်ရှိပြီး 100 Plus အနေဖြင့် စပွန်ဆာပေးရာတွင် လူငယ်ပြိုင်ပွဲများကျင်းပရန်အတွက်လည်း ပါဝင်သောကြောင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဓိကသုံးစွဲမည် ဖြစ်သည်။

100 Plus သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာပေးခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ်တွင် ၂၀၂၀ ပြည့်နှစ်အထိ သက်တမ်း တိုးခဲ့ခြင်းဖြစ်သည်။

100 Plus အနေဖြင့် နှစ်နှစ်စာချုပ်အတွက် ဒေါ်လာလေးသိန်းကျော် ပံ့ပိုးကူညီမည်ဖြစ်ပြီး ရေဓာတ်ဖြည့် အချိုရည်များကိုလည်း ပြည်တွင်းပွဲများတွင် အခမဲ့သောက်သုံးခွင့်ပြုမည်ဖြစ်သည်။

''ကျွန်တော်တို့ရဲ့ အသုံးစရိတ်က တစ်နှစ်ကို ဒေါ်လာငါးသန်းအထက်ရှိပါ တယ်။ နှစ်စဉ်လိုငွေပြပြီး စပွန်ဆာရရှိတဲ့ ငွေကြေးတွေထဲက သုံးစွဲရတာဖြစ်ပါတယ်။ 100 Plus ကရတဲ့ စပွန်ဆာငွေကို လူငယ် စီမံကိန်းတွေမှာ အဓိသုံးစွဲမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ စပွန်ဆာပေးရာမှာ ကဏ္ဍအလိုက်ခွဲပြီး ပေးတာဖြစ်ပါတယ်။ MFF ကို ပေးတဲ့စပွန်ဆာမှာတောင် လူငယ်ပြိုင်ပွဲတွေကျင်းပဖို့အတွက်ဆိုပြီး သက်သက်ပါပါတယ်''ဟု MFF အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။

100 Plus အနေဖြင့် MFF အား ၂၀၁၉ ခုနှစ်အတွက် ဒေါ်လာ ၁၂၀,၀၀၀၊ ၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာ ၁၃၅,၀၀၀ ပေးအပ်မည်ဖြစ်ပြီး မြန်မာနေရှင် နယ်လိဂ်ကော်မတီကိုမူ ၂၀၁၉ ခုနှစ်အတွက် ဒေါ်လာ ၃၈,၀၀၀၊ ကျပ်သိန်း ၄ဝဝနှင့် အချို ရည်ဘူး၊ ၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာ ၃၈,၀၀၀၊ ကျပ်သိန်း ၅၀၀ နှင့် အချိုရည် ဘူးများ ပံ့ပိုးကူညီမည်ဖြစ်သည်။

ထို့ပြင် MFF နှင့် MNL အတွက် တစ်နှစ်လျှင် အချိုရည်ဗူး တစ်သိန်းဝန်းကျင် ပံ့ပိုးကူညီလျက်ရှိသည်။

Most Read

Most Recent