အီတလီစီးရီးအေပွဲစဉ်(၁၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၁၉) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 29 December 2018

ယနေ့တွင် စီးရီးအေပွဲစဉ်(၁၀)ပွဲစလုံး ကစားမည်ဖြစ်ပါသည်။

ဂျူဗင်တပ်စ် - ဆမ်ဒိုးရီးယား (၂၉-၁၂-၂၀၁၈ ညနေ ၆းဝ၀)

ဆောင်းရာသီချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ပြီးသား ဂျူဗင်တပ်စ်အတွက် အိမ်ကွင်းမှာ နောက်ထပ်အောင်ပွဲတစ်ပွဲထပ်ရမယ့် အနေအထားမျိုးပါပဲ။ ဂျူဗင်တပ်စ်ရဲ့ တောင်ပံတိုက်စစ်နဲ့ တန်ပြန်တိုက်စစ်ကစားပုံကို ဆမ်ဒိုးရီးယား ခုခံနိုင်မယ်မထင်ဘူး။ ပြီးတော့ စီးရီးအေအသင်းတွေထဲ Set Piecs တွေကနေ သွင်းဂိုးတွေရယူထားနိုင်ပြီး ဆမ်ဒိုးရီးယားက Set Piecs တွေ ကာကွယ်ရာ မှာ အားနည်းချက်ရှိနေတယ်။  ဒါပေမဲ့ ဆမ်ဒိုးရီးယားက ၂၀၁၈ နှစ်ကုန်ပိုင်းကာလမှာ ဦးပြန်မော့လာတယ်။ Form အကောင်း ဆုံးအသင်းတွေထဲပါဝင်နေပါတယ်။ အဝေးကွင်းနောက်ဆုံး (၃)ပွဲမှာ ရှုံးပွဲမရှိအောင်ကစားထားနိုင်ပြီး (၂)ပွဲသရေ၊ (၁)ပွဲနိုင်ထား ပါတယ်။ ဆမ်ဒိုးရီးယားတိုက်စစ်မှူး ကွာဂလီရယ်လာက ဂျူဗင်တပ်စ်နဲ့ တွေ့ရင် ဂိုးမြူးတတ်တာကိုလည်း သတိထားရမယ်။ ဆမ်ဒိုးရီးယား တစ်ဂိုးပြန်ရသွားနိုင်လို့ ဂျူဗင်တပ်စ် အနိုင်ရမယ်ဆိုပေမယ့် (၂)ဂိုးပြတ်၊ မပြတ်စဉ်းစားရမယ်။

ချီယေဗို - ဖရိုဆီနိုနီ (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

တန်းဆင်းဇုန်လွတ်မြောက်ရေးအကြိုတိုက်ပွဲပါပဲ။ ချီယေဗိုရဲ့ ရုန်းကန်အားက ပိုမိုပြင်းထန်သက်ဝင်နေပြီး အိမ်ကွင်းမှာ အင်တာမီလန်၊ လာဇီယိုတို့ကို သရေကစားထားနိုင်တယ်။ ချီယေဗို နိုင်ပွဲပြန်ရမယ့်ပွဲပါပဲ။

အမ်ပိုလီ - အင်တာမီလန် (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

ဂျူဗင်တပ်စ်၊ နာပိုလီ၊ ဆမ်ဒိုးရီးယားအသင်းတွေပြီးရင် အမ်ပိုလီက လတ်တလော Form အကောင်းဆုံးအသင်းဖြစ်နေလို့ အင်တာမီလန် ပေါ့ဆလို့မရပါဘူး။ အိမ်ကွင်းနောက်ဆုံး (၄) ပွဲမှာ အနည်းဆုံး(၂)ဂိုးသွင်းထားနိုင်တဲ့ အမ်ပိုလီတိုက်စစ်က အဝေးကွင်းနောက်ဆုံး (၄)ပွဲမှာ (၈)ဂိုးအထိပေးထားရတဲ့ အင် တာမီလန်ခံစစ်ကို ဂိုးသွင်းနိုင်မယ်ထင်တယ်။ အင်တာမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

ဂျီနိုအာ - ဖီအိုရင်တီးနား (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

ပီယွန်တက်ခ်နဲ့အတူ ဂျီနိုအာဟာ အိမ်ကွင်းမှာ နိုင်ပွဲတွေယူလေ့ရှိပါတယ်။ ဒီရာသီအိမ်ကွင်းမှာ ရှုံးပွဲနှစ်ပွဲသာရှိထားပြီး  တစ်ပွဲပျမ်းမျှအိမ်ကွင်းသွင်းဂိုး (၁ .၅)ဂိုးနှုန်းရှိပါတယ်။ ဒါပေမဲ့  ဂျီနိုအာရဲ့ အိမ်ကွင်းခံစစ်စည်းက မလုံခြုံလို့ အဝေးကွင်းနောက် ဆုံး(၅)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ဂိုးသွင်းနှုန်းပုံမှန်ရှိတဲ့ ဖီအိုရင်တီးနားကို ဂိုးပေးရမယ်ထင်တယ်။ နှစ်သင်းပေါင်းသွင်းဂိုး (၃)ဂိုးအထိ ရှိလာနိုင်ပြီး ဂျီနိုအာ အမှတ်ရပါမယ်။

လာဇီယို - တိုရီနို (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

လာဇီယိုရဲ့ ဒီရာသီအိမ်ကွင်းမာဂုဏ်အရည်အသွေး ပုံမှန် မရှိဘူး။ နောက်ဆုံး (၅)ပွဲမှာ (၂)ပွဲသာအနိုင်ရထားပြီး (၂)ပွဲ သ ရေ၊ (၁)ပွဲရှုံးထားပါတယ်။ တိုရီနိုက ဒီရာသီစီးရီးအေမှာ အဝေးကွင်းအကောင်းဆုံးအသင်းတွေထဲ ပါဝင်နေတယ်။ အဝေးကွင်း (၉)ပွဲကစားထားရမှာ ရှုံးပွဲလုံးဝမရှိသေးဘူး။ (၂)ပွဲနိုင်၊ (၇)ပွဲ သရေကစားထားနိုင်လို့ နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းနှုန်းပုံမှန်မရှိတဲ့ လာဇီယိုဆီကလည်း တစ်မှတ်လုယူနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် လာဇီယို အိမ်ကွင်းမှာ အမှားထပ်ခံမယ်မထင်ဘူး။ လာဇီယို အနိုင်ရအောင် ကစားမှာဖြစ်ပြီး (၂)ဂိုးပြတ်ဖို့တော့ ခက်တယ်။

ပါးမား - ရိုးမား (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

ရာသီအစကလိုမဟုတ်ဘဲ ပါးမားရဲ့ မာဂုဏ်မှေးမှိန်နေပါတယ်။ ဒဏ်ရာပြဿနာ ကြုံတွေ့ရပြီးနောက်ပိုင်း ပါးမားတိုက် စစ်ကစားသမား ဂျာဗင်ဟိုရဲ့ ခြေစွမ်းကျဆင်းနေပြီး အိမ်ကွင်း နောက်ဆုံး(၄)ပွဲမှာ  ဂိုးမသွင်းနိုင်တဲ့ပွဲ (၃)ပွဲအထိ ရှိခဲ့ပါတယ်။ ရိုးမားကလည်း စီးရီးအေမှာ အခြေအနေမတည်ငြိမ်ဘဲ နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။  သရေကျဖို့များပြီး ဂိုးလည်းနည်းမယ်ထင်တယ်။

ဆာဆူအိုလို - အတ္တလန်တာ (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

အစဉ်အလာအရ ဆာဆူအိုလိုကွင်းမှာ အတ္တလန်တာ ရလဒ်ကောင်းလေ့ရှိတယ်။ နောက်ဆုံး (၂)ရာသီဆက် ဆာဆူအိုလိုကွင်းမှာ အတ္တလန်တာ (၃-၀)ဂိုးနဲ့ဂိုးပြတ်အနိုင်ရထားပါတယ်။ လက်ရှိရာသီ အတ္တလန်တာရဲ့ ခြေစွမ်းကအိမ်ကွင်းရယ်၊ အဝေးကွင်းရယ် မဟုတ်ဘဲ ပွဲအများစုမှာဟန်ချက်ညီအောင် ရုန်းကန်တတ်ပါတယ်။ အိမ်ကွင်းနောက်ဆုံး (၅)ပွဲဆက် သရေကျထားတဲ့ ဆာဆူအိုလို နိုင်ပွဲရဦးမယ်မထင်ဘူး။

အူဒီးနီးစ် - ကာဂလီယာရီ(၂၉-၁၂-၂၀၁၈ ည ၈း၃၀)

ရာသီဝက်ကာလကို ချဉ်းနင်းဝင်ရောက်လာပြီဖြစ်လို့ တန်းဆင်းဇုန်ပတ်ဝန်းကျင်ကနေ လွတ်မြောက်အောင် အူဒီးနီးစ် ပိုပြီးရုန်းကန်သင့်ပါပြီ။ လက်ရှိအခြေအနေအရ ကာဂလီယာရီ ပိုကောင်းနေပေမယ့် အူဒီးနီးစ် အမှတ်ရပါလိမ့်မယ်။

နာပိုလီ - ဘိုလော့ဂ်နာ (၂၉-၁၂-၂၀၁၈ ည ၈း၃၀)

နာပိုလီရဲ့ တစ်ပွဲပျမ်းမျှ (၂)ဂိုးနှုန်းသွင်းယူထားတဲ့ တိုက်စစ်အရည်အသွေးဟာ ဘိုလော့ဂ်နာကို ကျော်ဖြတ်ဖို့ မခက်ခဲပါဘူး။ ဘိုလော့ဂ်နာက အဝေးကွင်းမှာ အားနည်းချက်တွေပိုများ လေ့ရှိပြီး ခံစစ်ကလည်း ဂိုးတွေပေးရတတ်တယ်။ အဝေးကွင်း နောက်ဆုံး (၁၉)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ဘိုလော့ဂ်နာ တစ်မှတ်တန်မျှော်လင့်ချက်တောင် မရှိပါဘူး။ နာပိုလီ အနိုင်သေချာပြီး (၂)ဂိုးအနည်းဆုံးပြတ်ပါမယ်။

အေစီမီလန် - SPAL (၃၀-၁၂-၂၀၁၈ နံနက် ၂းဝ၀)

အိမ်ကွင်းနောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို အရေးနိမ့်ထားလို့ အေစီမီလန် အမှားထပ်ခံမှာမဟုတ်ဘူး။ SPAL က အ သင်းလိုက်ဖွဲ့စည်းပုံကောင်းမွန်ပေမယ့် အဝေးကွင်းမှာ အဆိပ် ကင်းမဲ့နေတယ်။ အဝေးကွင်း(၉)ပွဲမှာ (၆)ဂိုးသာသွင်းယူထား နိုင်ပြီးပေးဂိုးက (၁၄)ဂိုးအထိရှိနေပါတယ်။ ဒီလိုအသင်းမျိုးနဲ့  အေစီမီလန်တိုက်စစ်အစွမ်းမပြနိုင်ဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက် ပိုဝေးသွားနိုင်ပါတယ်။ အေစီမီလန်နိုင်မယ်။

 

Most Read

Most Recent