ဒမ်ဘီလီအား ဖုန်းမပိတ်ထားရန် ဘာစီလိုနာအသင်း ညွှန်ကြား

ဒမ်ဘီလီအား ဖုန်းမပိတ်ထားရန် ဘာစီလိုနာအသင်း ညွှန်ကြား
Photo: AP
Photo: AP
Published 16 December 2018

 

ဘာစီလိုနာအသင်းသည် အသင်းတောင်ပံကစားသမား ဒမ်ဘီလီအား ဖုန်းမပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

Marca ၏ဖော်ပြချက်အရ ဒမ်ဘီလီသည် သန်းခေါင်ယံအထိ ဗီဒီယိုဂိမ်းကစားခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများကြည့်ရှုခြင်းတို့ပြုလုပ်လေ့ရှိပြီး မနက်မိုးလင်းခါနီးမှသာ အိပ်လေ့ရှိကြောင်းသိရသည်။ 

ထို့ကြောင့် ဒမ်ဘီလီသည် အသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို နောက်ကျလေ့ရှိပြီး ဝန်ထမ်းများဖုန်းခေါ်သည့်အခါတွင်လည်း ဖုန်းပိတ်ထားလေ့ရှိကြောင်း သိရသည်။

ယင်းအချက်များကို ဘာစီလိုနာအသင်းက သည်းမခံနိုင်တော့ဘဲ ပြီးခဲ့သည့် ရက်ပိုင်းက ဒမ်ဘီလီအားလေ့ကျင့်ရေးနောက်ကျသည့်အတွက် စံချိန်တင်ဒဏ်ကြေး ယူရို (၂၀၀၀၀၀) ဒဏ်ရိုက်ခဲ့ပြီး ယင်းဒဏ်ကြေးက ဒမ်ဘီလီ၏ အကျင့်စရိုက်ကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်နေသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ဒမ်ဘီလီကို တစ်ချိန်လုံးဖုန်းဖွင့်ထားရန်လည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။ ဒမ်ဘီလီသည် ၄င်းအိပ်စက်သည့်အချိန်တွင် ဖုန်းပိတ်ထားလေ့ရှိပြီး  ဆက်သွယ်ရန်ခက်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းက ယခုကဲ့သို့ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent