အဲရစ်ဆင်ရဲ့နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ နိုင်ပွဲယူခဲ့တဲ့စပါး

အဲရစ်ဆင်ရဲ့နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာ နိုင်ပွဲယူခဲ့တဲ့စပါး
Photo: Getty Images
Photo: Getty Images
Published 15 December 2018

■ စပါး ၁-၀ ဘန်လေ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) စနေညပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဘန်လေအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့နောက်ကျဂိုးနဲ့အတူ (၁-၀) ဂိုးနဲ့အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။

အမှတ်ပေးဇယားထိပ်ပိုင်းပြိုင်ဆိုင်မှုမှာ လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့ အပြိုင်ဖြစ်လာသလို၊ ဇယားထိပ်က (၂)သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ကို ဖိအားဆက်ပေးနိုင်ဖို့ စပါးအသင်း ကြိုးစားခဲ့တာဖြစ်ပြီး ထိုက်တန်တဲ့နိုင်ပွဲကို ရယူခဲ့တာပါ။

တန်းဆင်းဇုန်နဲ့နီးလာတဲ့ ဘန်လေအသင်းကတော့ အဝေးကွင်းမှာ  ရမှတ်တစ်မှတ်အတွက် ကြိုးစားခဲ့ပေမယ့် နောက်ကျဂိုး ခွင့်ပြုခဲ့ရတာကြောင့် ကံဆိုးခဲ့ပါတယ်။

စပါးအသင်းက ပွဲထွက်စာရင်းမှာ အဲရစ်ဆင်၊ ဆွန်ဟောင်မင်တို့ကို အနားပေးခဲ့တာကလွဲလို့ လူစုံခဲ့ပြီး၊ ဘန်လေအသင်းကလည်း ခံစစ်ပိုင်းမှာ (၅) ယောက်အထိစုဖွဲ့ကစားခဲ့ပြီး အမှတ်ယူဖို့ကြိုးစားခဲ့တာပါ။

ပွဲစကတည်းက စပါးအသင်း ဦးဆောင်ဂိုးစောစောရဖို့ကြိုးစားခဲ့ပေမယ့် ဘန်လေအသင်းရဲ့ ခံစစ်ကစားအားကြောင့် အရာမထင်ခဲ့ပါဘူး။

နှစ်သင်းစလုံးကိုယ်စီအခွင့်အရေးတွေလွဲချော်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ စပါးအသင်းဟာ အဲရစ်ဆင်၊ ဆွန်ဟောင်မင်တို့ကိုထည့်ပြီး တိုက်စစ်ကစားကွက်ပြောင်းခဲ့လို့ အခွင့်အရေးတွေပိုရလာခဲ့သလို၊ ပိုပြီးလည်းဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဆွန်ဟောင်မင်၊ အယ်လီတို့ အပိုင်အခွင့်အရေးတွေကိုလွဲချော်ခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးမယ့်အနေအထားမှာပဲ စပါးအသင်းမထင်မှတ်ဘဲ အနိုင်ဂိုးရသွားခဲ့တာပါ။

မိနစ် (၉၀) ပြည့်လို့ ထပ်ဆောင်းအချိန်ပိုမှာ ကွင်းလယ်နဲ့ တိုက်စစ်လျင်မြန်တဲ့တွဲလုံးကတစ်ဆင့် ဟာရီကိန်း ဂိုးစည်းအတွင်းချပေးလိုက်တာကို အဲရစ်ဆင်က ဘန်လေဂိုးသမား ဂျိုးဟတ်ရဲ့ထောင့်ထဲကို ကန်သွင်းယူခဲ့တာပါ။

ဒီအဖိုးတန်သွင်းဂိုးနဲ့ပဲ စပါးအသင်း (၁-၀) ဂိုးနဲ့အနိုင်ရခဲ့ပြီး  အမှတ်ပေးဇယားရဲ့တတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

 

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

မန်စီးတီး ၃-၁ အဲဗာတန်

ခရစ္စတယ်ပဲလေ့စ် ၁-၀ လက်စတာ

ဟတ်ဒါဖီးလ် ၀-၁ နယူးကာဆယ်

စပါး ၁-၀ ဘန်လေ

ဝက်ဖို့ဒ် ၃-၂ ကာဒစ်ဖ်

ဝုလ်ဗ် ၂-၀ ဘုန်းမောက်

 

လာလီဂါ

ဂီတာဖေး ၁-၀ ဆိုစီဒက်

 

ဘွန်ဒစ်လီဂါ

ဟော်ဖန်ဟင်မ် ၀-၀ မိုချန်ဂလာဘတ်

စတုဂတ် ၂-၁ ဟာသာဘာလင်

အော့စ်ဘတ် ၁-၁ ရှော်လ်ကေး

ဟန်နိုဗာ ၀-၄ ဘိုင်ယန်မြူးနစ်

ဒစ်ဆယ်ဒေါ့ဖ် ၂-၀ ဖရိုင်းဘတ်

 

လိဂ်ချန်ပီယံရှစ်

အက်စတွန်ဗီလာ ၂-၂ စတုတ်စီးတီး

ဘလက်ဘန်း ၂-၂ ဘာမင်ဂမ်

ဘော်လ်တန် ၀-၁ လိဒ်စ်

ဟားလ်စီးတီး ၂-၀ ဘရန့်ဖို့ဒ်

အစ်ဝစ်ချ် ၁-၀ ဝီဂန်

ပရက်စတန် ၃-၂ မီဝေါလ်

QPR ၂-၁ မစ်ဒယ်ဘရော့

ရော့သာဟမ် ၁-၁ ရက်ဒင်း

ဆွမ်ဆီး ၂-၁ ရှက်ဖီးဝင်းစ်ဒေး

 

Most Read

Most Recent