ဘွန်ဒစ်လီဂါပွဲစဉ်(၁၅) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၁၅) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 15 December 2018

ဟော်ဖန်ဟင်မ် နှင့် မိုချန်ဂလာဘတ် (စနေည ၉းဝ၀ နာရီ)

ဟော်ဖန်ဟင်မ်က နောက်ဆုံး (၃)ပွဲဆက်တိုက် သရေကျထားတယ်။ ဒီတစ်ပွဲလည်း ဟော်ဖန်ဟင်မ် သရေထပ်ကျရင် အံ့သြစရာတော့ မရှိပါဘူး။

စတုဂတ် နှင့် ဟာသာဘာလင် (စနေည ၉းဝ၀ နာရီ)

ဟာသာဘာလင် (၂)ပွဲဆက်အနိုင်ကစားပြီး အခြေအနေ ပြန်ကောင်းလာတယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့ ဟာသာဘာလင် အမှတ်လျော့လိမ့်မယ်။

အော့စ်ဘတ် နှင့် ရှော်လ်ကေး (စနေည ၉းဝ၀ နာရီ)

(၄)ပွဲဆက် အရှုံးဝဲဂယက်ကနေ အော့စ်ဘတ် ပြန်ရုန်းထဖို့ အချိန်တန်ပြီ။ ရှော်လ်ကေး အဝေးကွင်းမစွံလို့ အော့စ်ဘတ် အသင်း မရှုံးနိုင်ဘူး။

ဟန်နိုဗာ နှင့် ဘိုင်ယန်မြူးနစ် (စနေည ၉းဝ၀ နာရီ)

ဘိုင်ယန်အသင်းက (၂)ပွဲဆက်အနိုင်ကစားပြီး လီဝန်ဒေါစကီးကလည်း ဂိုးပေါက်ပြန်တွေ့ထားတယ်။ ဒါပေမဲ့ ဟန်နိုဗာကွင်းမှာ ဘိုင်ယန် လိုအပ်သလောက် ဂိုးပြတ်သွင်းဖို့မလွယ်လို့ ဟန်နိုဗာနဲ့ပဲ စွန့်စားချင်တယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

ဒစ်ဆယ်ဒေါ့ဖ်အသင်း (၂)ပွဲဆက်အရေးနိမ့်ပြီး အရှိန်ပြန်ကျသွားတယ်။ ဒါပေမဲ့ ဒီတစ်ပွဲတော့ ဒစ်ဆယ်ဒေါ့ဖ် အမှတ်ရအောင် ကစားလိမ့်မယ်။

ဒေါ့မွန် နှင့် ၀ါဒါဘရီမင် (စနေည ၁၂းဝ၀ နာရီ)

ဘွန်ဒစ်လီဂါမှာ ဒေါ့မွန်အသင်းကို ရပ်တန့်ဖို့က အတော်လေးခက်ခဲလာပြီ။ အသင်းက ဒဏ်ရာပြဿနာတွေကြားမှာ ဟန်ချက်မပျက်တဲ့အပြင် နိုင်ပွဲဆက်တိုက်ယူထားပေးနိုင်တဲ့ နည်းပြ လူစီယန်ဖာရဲ့ဦးဆောင်မှုကိုတော့ ချီးကျူးရမှာပါ။ ၀ါဒါဘရီမင်ကလည်း နောက်ဆုံးကစားတဲ့ပွဲမှာ နိုင်ပွဲဆက်နေမှုကို ရပ်တန့်ထားနိုင်ခဲ့တယ်။ ဇယားအောက်ဆုံးကအသင်းကို အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ၀ါဒါဘရီမင်ကို အတိုင်းအတာတစ်ခုအထိ အပြောင်းအလဲဖြစ်လာနိုင်မလား စောင့်ကြည့်ချင်စရာပါပဲ။ လက်ရှိရာသီ ရလဒ်တွေမှာလည်း ၀ါဒါဘရီမင်က အိမ်ကွင်းထက် အဝေးကွင်းစွမ်းဆောင်ရည်ပိုကောင်းနေတာ ထည့်တွက်ရမယ်။ ဒေါ့မွန်ရဲ့ နိုင်ပွဲဆက်နေမှုကို တားဆီးဖို့မလွယ်ပေမယ့် ၀ါဒါဘရီမင် ဂိုးပြတ်မရှုံးအောင်တော့ စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။

Most Read

Most Recent