အသင်း၏စွမ်းဆောင်မှုမှာ သတ်မှတ်ထားသည့်အဆင့်အတန်းအောက် ရောက်နေကြောင်း တန်ဟက်ဂ် ဝန်ခံ

အသင်း၏စွမ်းဆောင်မှုမှာ သတ်မှတ်ထားသည့်အဆင့်အတန်းအောက် ရောက်နေကြောင်း တန်ဟက်ဂ် ဝန်ခံ
Photo: X
Photo: X
Published 18 July 2024

မန်ယူနည်းပြ တန်ဟက်ဂ်က ရိုစင်ဘော့အသင်းအား ရှုံးနိမ့်သည့် ရာသီကြိုခြေစမ်းပွဲအပြီးတွင် အသင်း၏စွမ်းဆောင်မှုမှာ သတ်မှတ်ထားသည့် အဆင့်အတန်းအောက် ရောက်နေကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၂၄-၂၅ ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ရာသီကြိုပထမဆုံးခြေစမ်းပွဲအဖြစ် ဇူလိုင် (၁၅) ရက်တွင် နော်ဝေကလပ် ရိုစင်ဘော့အသင်းနှင့် ကစားခဲ့ရာ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အဆိုပါ ခြေစမ်းပွဲတွင် မန်ယူအသင်း၌ လူငယ်ကစားသမားအများစုပါဝင်ခဲ့သော်လည်း ရပ်ရှ်ဖို့ဒ်၊ ကက်စီမီရို၊ ဝမ်ဘစ်ဆာကာတို့လို အဓိကကစားသမားများပါဝင်ကစားခဲ့ကြသည်။

ယင်းပွဲအပြီးတွင် တန်ဟက်ဂ်က ''ရာသီကြိုခြေစမ်းပွဲဖြစ်လို့ ရလဒ်က အဓိက မဟုတ်ပါဘူး။ ဒါပေမဲ့ မန်ယူအသင်းရဲ့ အဆင့်အတန်းက ပွဲတွေကို အနိုင်ကစားဖို့ ဖြစ်ပြီး ရှုံးလို့ မရပါဘူး။ ဒီတော့ မနိုင်ဘူးဆိုရင်တောင် မရှုံးအောင်တော့ ကစားရမှာပါ။ နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့အသင်း ကစားခဲ့သလိုပေါ့။ ဒါပေမဲ့ အသင်းရဲ့စွမ်းဆောင်မှုက အရေးအကြီးဆုံးပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့အသင်းရဲ့ စွမ်းဆောင်မှုက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အဆင့်အတန်းအောက် ရောက်နေခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲများအဖြစ် ရိန်းဂျားစ်(ဇူလိုင် ၂၀)၊ အာဆင်နယ်(ဇူလိုင် ၂၈)၊ ဘက်တစ်(သြဂုတ် ၁)၊ လီဗာပူးလ်(သြဂုတ် ၄)တို့နှင့် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent