အမေရိကန်က ယူကရိန်းသို့ လက်နက် များပေးပို့နေခြင်းကို လက်မခံနိုင်ဟု ဇူလိုင် ၂၃ ရက်တွင် ရုရှားကသတိပေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယူကရိန်းအစိုးရထံ လက်နက်များဆက် လက်ပေးပို့နေခြင်းကို မိမိတို့က လက်မခံနိုင် ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက် ဗရော့က ဖိလစ်ပိုင်မြို့တော် မနီလာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီ ယိုနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။
ရုရှားကို မဟာဗျူဟာမြောက်အနိုင်ယူ ရန် ကြိုးပမ်းနေကြသော ဥရောပနိုင်ငံများ၏ မတည်မငြိမ်ဖြစ်အောင်လုပ်နေသော မူဝါဒ ကို လက်ဗရော့က ပြစ်တင်ရှုတ်ချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။
အာဆီယံထိပ်သီးအစည်းအဝေး၏ဘေးပန်းအစည်းအဝေးတစ်ခုတွင် ရုရှားနိုင် ငံခြားရေးဝန်ကြီးကအထက်ပါအတိုင်းသတိ ပေးလိုက်ခြင်းဖြစ်သည်။
ရုရှားဘက်က ပဋိပက္ခကို နိုင်ငံရေး-သံ တမန်ရေးဆိုင်ရာ ဖြေရှင်းနည်းအတွက် အဆင်သင့်ဖြစ်နေသည်ဟု လက်ဗရော့ က ထပ်လောင်းပြောကြားခဲ့သည်ဟု ရုရှား နိုင်ငံ ခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာနောက်ပိုင်း လက်ဗရော့နှင့် ရူဘီယိုတို့၏ပထမဆုံးတွေ့ဆုံ မှုသည် ၀ါရှင်တန်က ယူကရိန်းအရေး ဖြေရှင်း မှုကို အာရုံစိုက်ထားရာမှ အရှေ့အလယ်ပိုင်း စစ်ပွဲကို အာရုံပြောင်းသွားချိန်တွင် ဖြစ်ပေါ် လာသောတွေ့ဆုံမှုဖြစ်သည်။
Ref; AFP
Photo-AFP















