အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားပေးရမယ့် နောက်ခံလူ ဆာလီဘာရဲ့နေရာအတွက် ကစားသမားသစ်ခေါ်ယူဖို့ စီစဉ်နေရာမှာ မန်စီးတီးနောက်ခံလူဟောင်း ဂျွန်စတုန်းစ်ကိုလည်း ချိန်ရွယ်နေကြောင်း သိရပါတယ်။
ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး (၅)လဝန်းကျင် အနားယူရမှာပါ။
ဒါကြောင့် အာဆင်နယ်အသင်းက အစားထိုးဖို့ ကစားသမား ရှာဖွေနေခြင်းဖြစ်ပြီး အက်စတွန်ဗီလာအသင်းက အင်္ဂလန်နောက်ခံလူ ကွန်ဆာကို ပစ်မှတ်ထားနေသလို၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ပြင်သစ်နောက်ခံလူ လာခရွာနဲ့ ဂျွန်စတုန်းစ်တို့ကိုလည်း ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
လာခရွာကို ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ပဲလေ့စ်အသင်းက အနည်းဆုံး ပေါင်(၅၅)သန်းရမှ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဂျွန်စတုန်းစ်က မန်စီးတီးအသင်းနဲ့ လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေတာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျွန်စတုန်းစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲတိုင်း မကစားခဲ့ရပေမဲ့ ခရိုအေးရှား၊ နော်ဝေ၊ အာဂျင်တီးနားတို့နဲ့ပွဲတွေမှာ ပွဲထွက်ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။















