CNF နှင့် CDF အဖွဲ့တို့ ယာယီထိန်းချုပ်ထားသည့် ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်

CNF နှင့် CDF အဖွဲ့တို့ ယာယီထိန်းချုပ်ထားသည့် ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
Published 17 July 2026

ချင်းပြည်နယ်အတွင်းရှိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များဖြစ်သည့် CNF အဖွဲ့ နှင့် CDF အဖွဲ့တို့ ယာယီထိန်းချုပ်ထားသည့် ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်း များက ဇူလိုင် ၁၆ ရက်တွင် အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

CNF နှင့် CDF ပူးပေါင်းအဖွဲ့များသည်  ချင်းပြည်နယ် ထန်တလန်မြို့အား အစိုးရအုပ် ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှစ၍ ထန်တလန်မြို့ ၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား သာလွန်အင်အားများ၊ လက်နက်ကြီးများ အဆမတန် အသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံးဌာန များ၊ သာသနိက အဆောက်အအုံများ၊ စာ သင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေ အဆောက်အအုံများကို အကာအကွယ်ရယူ ၍ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှုများ များပြားလာခြင်း၊ ခဲယမ်းများ နည်း ပါးလာခြင်း၊ ရာသီဥတုအခြေအနေ၊ နယ်မြေ အခြေအနေနှင့် ဒေသခံပြည်သူများ၏ နေ အိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာသည့်အ တွက် ထန်တလန်မြို့မှ ခေတ္တဆုတ်ခွာပေးခဲ့ ကြောင်း သိရသည်။

CNF နှင့် CDF ပူးပေါင်းအဖွဲ့အနေဖြင့် ထန်တလန်မြို့အား ယာယီထိန်းချုပ်ထားစဉ် အတွင်း လူနေအဆောက်အအုံများအတွင်းရှိ အသုံးအဆောင်ပစ္စည်းများနှင့် အဖိုးတန် ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်အသုံး ပြုခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အစိုးရရုံး ဌာနများ၊ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ၌ ဘန်ကာများ၊ ကတုတ်ကျင်းများ၊ ဆက်သွယ် ရေးမြောင်းများ ပြုလုပ်ကာ အခိုင်အမာခံစစ် ဆင်၍ မြို့၊ ရွာများအတွင်း တိုက်ပွဲများ ဖော် ဆောင်ရန် ကြိုးပမ်းလာသောကြောင့် တပ်မ တော်စစ်ကြောင်းများက ပြည်သူလူထု၏ အ သက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်နှင့် မြို့၊ ရွာများအတွင်းရှိ ဌာနဆိုင် ရာ အဆောက်အအုံများ၊ လူနေအဆောက် အအုံများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ပြန်လည်သိမ်းပိုက်ရရှိရေးတို့အတွက် စီမံ ချက်များ ရေးဆွဲကာ လိုအပ်သည့် ပြင်ဆင်စု ဖွဲ့မှုများ ဆောင်ရွက်ပြီး CNF နှင့် CDF ပူးပေါင်း အဖွဲ့အား အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Couner-Terrorism Operation) ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့အား အလုံးစုံ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး CNF နှင့် CDF ပူး ပေါင်းအဖွဲ့သည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထိခိုက်သေဆုံးမှုများပြားခဲ့သော CNF နှင့် CDF ပူးပေါင်းအဖွဲ့သည် ထန်တလန် မြို့အား ပြန်လည်တိုက်ခိုက်ရန်အတွက် လူ၊ လက်နက်ခဲယမ်းများ ပြန်လည်စုဆောင်းကာ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ဒုတိယအ ကြိမ်အဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အ လစ်အငိုက်ရယူကာ လူအင်အား၊ လက်နက် အင်အား သာလွန်စွာဖြင့် တိုက်ခိုက်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့ အား ရန်သူ့လက်သို့ မကျရောက်စေရေး ခုခံခဲ့ ကြသော်လည်း CNF နှင့် CDF ပူးပေါင်းအဖွဲ့ သည်  လူအင်အားများ အဆမတန် ဖြည့်တင်း လာခြင်း၊ ပြည်သူလူထုနေအိမ်များ၊ ဌာနဆိုင် ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု များပြားလာခြင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ထန်တလန်မြို့အတွင်းရှိ နေရာအ ချို့အား ယာယီဆုတ်ခွာ စွန့်လွှတ်ခဲ့ကြရပြီး ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ထန်တလန်မြို့အတွင်းရှိ ယာယီစွန့်လွှတ်ခဲ့ရ သော နေရာများအား ပြန်လည်သိမ်းပိုက်ထိန်း ချုပ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက်မှစ၍ CNF နှင့် CDF ပူးပေါင်းအဖွဲ့အား  အခက်အခဲ မျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ထန်တ လန်မြို့အတွင်းရှိ မြို့နယ်ရဲစခန်းအား ဇွန် ၁၃ ရက်တွင်လည်းကောင်း၊ အမှတ် (၃) အ ခြေခံပညာမူလတန်းကျောင်းအား ဇွန် ၁၉ ရက်တွင်လည်းကောင်း၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းအား ဇူလိုင် ၅ ရက်တွင်လည်းကောင်း၊ ပြည်သူ့ဆေးရုံအား ဇူလိုင် ၈ ရက်တွင်လည်းကောင်း၊ မြို့နယ်မီး သတ်ရုံးအား ဇူလိုင် ၁၂ ရက်တွင်လည်း ကောင်း၊ ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် ဟို တယ်ဇုန်နေရာအားလည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံ  ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင် သိ ရသည်။

အဆိုပါဒေသများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည်ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်း ညွှန်မှုနှင့်အညီ ပြန်လည်ထူထောင်ရေးပစ္စည်း များနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မ တော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဒေသအလိုက် အချိန်နှင့် တပြေး ညီ ပို့ဆောင်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာန များအလိုက် ဒေသတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

Most Read

Most Recent