မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအများအပြားနေထိုင်သည့် နေရာများကို မလေးရှားအာဏာပိုင်များ ဆက်တိုက်ဝင်ရောက်စစ်ဆေးပြီး တရားမဝင်လုပ်သားများကို ဖမ်းဆီးနေ

မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအများအပြားနေထိုင်သည့် နေရာများကို မလေးရှားအာဏာပိုင်များ ဆက်တိုက်ဝင်ရောက်စစ်ဆေးပြီး တရားမဝင်လုပ်သားများကို ဖမ်းဆီးနေ
Published 13 July 2026

မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအများအပြားနေထိုင်သည့် နေရာများကို မလေးရှားအာဏာပိုင်များ ဆက်တိုက်ဝင်ရောက်စစ်ဆေးပြီး တရားမဝင်လုပ်သားများကို ဖမ်းဆီးနေကြောင်း မလေးရှားမီဒီယာအချို့တွင် ရေးသားဖော်ပြထားသည်။

ဇူလိုင် ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် နီပေါနိုင်ငံသားများ အဓိကနေထိုင်ကျင်လည်ရာ နေရာတစ်ခုဖြစ်သည့် မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့ မိုင်ဒင်းကုန်တိုက်နှင့် ကလန်းကားဂိတ်အနီးတဝိုက်ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူအများအပြားဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းသို့ ဝင်ရောက်စစ်ဆေးစီးနင်းစဉ်တွင် ရုန်းရင်းဆန်ခတ်မှုများလည်းဖြစ်ပွားခဲ့ကာ ဖမ်းဆီးချိန်တွက် ရွှေ့ပြောင်းနေထိုင်သူများသည် အနီးအနားရှိဈေးဆိုင်များကြားတွင် ပုန်းအောင်းရန်ကြိုးစားခဲ့ကြောင်း၊ အချို့မှာ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း၊ သိုသော် မလေးရှားအာဏာပိုင်များက ထွက်ပြေးရန် ကြိုးပမ်းသူများကိုလည်း ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း မလေးရှားဂေဇက်တွင် သတင်းဖော်ပြထားသည်။

အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက အဆိုပါနေရာမှာ အလုပ်ပိတ်ရက်များ၊ အားလပ်ရက်များတွင် နိုင်ငံခြားသားအလုပ်သမားများ မကြာခဏ စုဝေးလည်ပတ်သည့်နေရာတစ်ခုဖြစ်ကြောင်း၊ ကွမ်းစားပြီး တံတွေးထွေးမှုများကြောင့် အချို့နေရာများတွင် အနံ့ဆိုးများပါ ထွက်ပေါ်လာကြောင်း မလေးရှား TV3 က သတင်းဖော်ပြသည်။

ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲက စတင်ခဲ့သော စစ်ဆေးမှုတွင် ပြည်ပနိုင်ငံခြားသား အလုပ်သမား ၁၁၈၃ ဦးကို စစ်ဆေးခဲ့ရာ ပြည်ပအလုပ်သမား ၉၈ ဦးဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄ရဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၅ဦး၊ အိန္ဒိယနိုင်ငံသား၁၂ ဦး၊ မြန်မာနိုင်ငံနိုင်ငံသား ၁၂ ဦး၊ နီပေါနိုင်ငံသား ၁၁ဦး နှင့်အခြားနိုင်ငံမှ တစ်ဦးတို့ပါဝင်ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများသည် အသက် ၂၀ မှ ၅၆နှစ် အကြားရှိပြီး အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ခုနစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူအားလုံးကို လူဝင်မူကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉၊ ၆၃ ဖြင့် စုံစမ်းစစ်ဆေးမှုနှင့် နောက်ထပ်အရေးယူမှုများ ပြုလုပ်ရန်(စမုန်ညင်း) လူဝင်မူကြီးကြပ် ထိန်းသိမ်းရေး စခန်းတွင်ထားရှိကြောင်း သိရသည်။

အလားတူ ဇူလိုင် ၁၃ ရက်တွင်လည်း မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူ KWC Mall တွင်လည်း မလေးရှား အာဏာပိုင်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးမှုများရှိနေကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့်

မြန်မာလုပ်သားအချို့က လူမှုကွန်ရက်တွင် ရုပ်သံနှင့်တကွ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

Most Read

Most Recent