မိဘရင်းနှင့် အနေဝေးကွာချိန် မိထွေး ဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သ ဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိဘရင်းနှင့် အနေဝေးကွာချိန် မိထွေး ဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သ ဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Published 15 May 2026

■ တောင်ကြီးမြို့တွင် မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားဖြစ်စဉ်မှာ ရွှေတောင်ရပ်ကွက်၊ နယ်မြေ  (၁) တွင် မေ ၁၄ ရက် ညနေပိုင်းအချိန် အိမ် ရှင်ဖြစ်သူ အမျိုးသမီးက ကလေးငယ်ကို မ တွေ့သဖြင့် ရပ်ကွက်ရုံးထံ လာရောက် တိုင် တန်းရာမှ ကလေးငယ် သေဆုံးမှု ဖြစ်ပွား ကြောင်း အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရွှေတောင် ရပ်ကွက်အုပ်ချုပ်ရေးရုံး အ ဖွဲ့မှ အိမ်ရှင်ကို မေးမြန်းချက်အရ ကလေး ငယ်ကို ရှာဖွေမေးမြန်းရာ အုပ်ထိန်းသူ (မိ ထွေး) က ကလေး၏ ဖခင်ရင်းထံ ပြန်ပေး လိုက်သည်ဟု လိမ်ညာဖြေဆိုခဲ့ကြောင်း၊ဖ ခင်ရင်းကို ခေါ်ယူမေးမြန်းရာမှ ကလေးမ ပေးလိုက်ကြောင်း သိရပြီး ၊ အမျိုးသမီးအမှု စစ်ဖြင့် ချော့မေးရာမှ လက်လွန်မိကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မေ ၁၂ ရက် ညပိုင်းအချိန်တွင် ကလေး မအိပ်ဘဲ ငိုသဖြင့် ချော့ရာ မအိပ်ဘဲ ငိုနေ သဖြင့် ကျူးလွန်သူ မသန္တာေ၀ (မိထွေး) က ခြောက်လှန့်ရိုက်ကြောင်း ၊ နောက်ဆုံး ဆေး ကြောင်၍ ကလေးလည်ပင်းကို ညှစ်ထားမိ ရာမှ အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ရ ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။

ထိုဖြစ်စဉ်ကို အသိမပေးရဲဘဲ ကလေး ကို ဆာလာအိတ်ဖြင့် ထည့်ကာ ပလပ်စတစ် ပုံးတွင် ထည့်ထားမိကြောင်း၊ နေအိမ်တွင် ကလေးအလောင်းကို ပြန်လည်ရှာဖွေ တွေ့ရှိ ရကြောင်း သိရသည်။

အသတ်ခံရသည့် ကလေးငယ်၏ မိခင် ရင်းမှာ ပြစ်မှုခံယူနေရကာ၊ မိထွေးဖြင့် နေ ထိုင်ရခြင်း ဖြစ်ကြောင်း၊ မွေးသားအမေ ဖြစ် သော ဒေါ်--- နေအိမ်တွင် အိမ်ငှားနေထိုင် ခြင်း ဖြစ်ကြောင်း သိရသည်။

“ အိမ်ရှင်က ကလေး ပြန်ခေါ်ဖို့ အ ကြောင်းကြားတယ်။ (ကျော်...) တို့ လင်မယားကို ရုံးခေါ်လိုက်တယ်။ အိမ်ရှင် မီးသွေး သည်ကနေ ကလေးပေးမပေး မေးတယ်။ အ ဖေရင်းကို ပေးလိုက်တယ်လို့ သန္တာဝေ(ကျူး လွန်သူ) က ပြောတယ်။ အဖေရင်းကို ခေါ် မေးတော့ မပေးဘူးဆိုတာနဲ့ သူတို့ လင်မယား ကို ပြန်ခေါ်လိုက်တယ်။ သူမ မျက်နှာက မူမ မှန်တာနဲ့ အမျိုးသမီး အမှုစစ်နဲ့ ချော့မေး လိုက်တာမှ ကလေးဆုံးသွားတယ်ဆိုတာ သိ ရတယ်}} ဟု ရွှေတောင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့်  ပတ်သက်၍ ကျူးလွန်သူ မသန္တာေ၀ (၂၀) နှစ်ကို  တောင်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) သက်သေခံ ပစ္စည်း ဖျောက်ဖျက်မှု ပုဒ်မ ၂၀၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent