အာဆင်နယ် - ဘန်လေ (မေ ၁၉ ရက်နေ့ နံနက် ၁း၃၀ နာရီ)
အာဆင်နယ်အသင်းရဲ့ ဒီရာသီ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်သလို၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဘန်လေအသင်းက တန်းဆင်းထားရပြီဖြစ်တာကြောင့် ဂုဏ်သိက္ခာအတွက်သာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ထားပေမဲ့ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမှ အထင်သေးလို့ မရပါဘူး။ နောက်ဆုံးပွဲမှာ အက်စတွန်ဗီလာကို သရေကစားခဲ့တာနဲ့ မန်စီးတီးကို အမှတ်ခွဲယူလုနီးပါး ကစားခဲ့တာတွေ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်း ဂရုတစိုက်နဲ့ အားစိုက်ကစားဖို့ လိုပါလိမ့်မယ်။ ဘန်လေရဲ့ ကစားပုံကြောင့် အပြန်အလှန်ဂိုးတွေ မြင်တွေ့ရနိုင်ပြီး ဘန်လေကို (၃)ပွဲဆက် ဂိုးပြတ်အနိုင်ရထားတဲ့ အာဆင်နယ်အသင်း ဒီပွဲလည်း ဂိုးပြတ်အနိုင်ယူလိမ့်ဦးမယ်လို့ ထင်ပါတယ်။















