အိန္ဒိယ၏ ကမ္ဘာ့နံပါတ် (၁) ရောင်းအားအကောင်းဆုံး လူစီးသုံးဘီးယာဉ် အမှတ်တံဆိပ်ဖြစ်သည့် Bajaj က ရန်ကုန်မြို့တွင် Showroom ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Showroom ကို မေ ၁၀ ရက်က ရန်ကုန်မြို့ အနော်ရထာလမ်းမကြီး၊ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းနှင့် ရိုးကြီးမှတ်တိုင်ကြားတွင် ဖွင့်လှစ်ခဲ့ပြီး Bajaj အမှတ်တံဆိပ် လူစီးသုံးဘီးယာဉ်များကို ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုများ စုံလင်စွာပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော Bajaj သုံးဘီးယာဉ် သုံးစွဲသူများ၊ Taxi Gate ခေါင်းဆောင်များ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့် သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသညမြ
Showroom တွင် ကမ္ဘာ့နံပါတ် (၁) ရောင်းအားအကောင်းဆုံး Bajaj RE လူစီးသုံးဘီးယာဉ်များကို မိတ်ဆက်ပြသခဲ့ပြီး အပိုပစ္စည်း၊ ပြုပြင်ရေး၊ လိုင်စင်နှင့် အရစ်ကျစနစ်ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်ြ
ထို့ပြင် Customer Service နှင့် After Sales Service များ၊ အခမဲ့ စက်ပြင်နည်းပညာသင်တန်းများ၊ သုံးဘီးယာဉ် Test Drive အစီအစဉ်များ၊ WeGo Kilo Taxi Service များ၊ Authorized Agent လျှောက်ထားနိုင်မှုများနှင့် YRTC / YCTA ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Bajaj ယာဉ်များကို လက်ငင်းစနစ်အပြင် အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပြီး သုံးဘီးယာဉ်များသည် ယခုအချိန်တွင် YRTC နှင့် YCTA တို့၏ စနစ်တကျကြီးကြပ်မှုဖြင့် ခွင့်ပြုထားသော မြို့နယ်များတွင် ပြေးဆွဲလျက်ရှိကြောင်း သိရသညမြ
"အခုခေတ်မှာ ကားတစ်စီးဆိုရင် အနည်းဆုံး သိန်း (၇၀၀) အထက်ရှိတယ်။ အပိုပစ္စည်း၊ ဆီ၊ ပြုပြင်ထိန်းသိမ်းစရိတ်တွေကလည်း အရမ်းကြီးတယ်။ ရင်းနှီးရတာလည်း မလွယ်ဘူး။ အခုဆို ကားတစ်စီးတန်ဖိုးနဲ့ သုံးဘီးယာဉ် (၄) စီးလောက်ရနေပြီ။ ရင်းနှီးငွေအရ ပိုအဆင်ပြေတယ်။ နေ့စဉ်ဝင်ငွေလည်း ပိုလည်ပတ်လို့ကောင်းတယ်။ ပြည်တွင်းမှာ စနစ်တကျ ထုတ်လုပ်ထားတော့ ယုံကြည်မှုရှိတယ်။ လှည့်ကြည့်စရာတောင် မလိုဘူး။ သေချာသုံးရင် အသားတင်ဝင်ငွေကျန်တယ်။မောင်းတဲ့သူတွေ ပြန်ရှာရတာလည်း မခက်ဘူး။ နေ့စားပုံစံနဲ့ လည်ပတ်လို့ရတယ်။ စရိတ်နည်းတော့ လုပ်ငန်းအနေနဲ့ အဆင်ပြေပါတယ်။ အခုခေတ် သယ်ယူပို့ဆောင်ရေးက အရင်နဲ့မတူတော့ဘူး။ လူတွေက ခေါက်တိုသွားလာရေးကို ပိုအသုံးပြုလာတယ်။ လိုအပ်ချက်က တကယ်ရှိနေပါတယ်။ တခြားနိုင်ငံသွားတုန်းကလည်း ဒီလိုသုံးဘီးယာဉ်တွေကိုပဲ စီးခဲ့ရတယ်။ မြို့တွင်းသွားလာရေးအတွက် တကယ်အသုံးဝင်ပါတယ်။ လမ်းပေါ်မှာ အသုံးများတယ်။ အပိုပစ္စည်း၊ ဝန်ဆောင်မှုနဲ့ ပြန်ရောင်းတဲ့ဈေးကွက်လည်း ကောင်းတော့ ရေရှည်လုပ်ငန်းအနေနဲ့ အဆင်ပြေတယ်လို့ မြင်ပါတယ်" ဟု သုံးဘီးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်ြ
အလားတူ Showroom တာဝန်ရှိသူများ၏ ပြောကြားချက်အရ Bajaj သည် သုံးဘီးယာဉ်ရောင်းချခြင်းသာမက မိသားစုဝင်ငွေဖန်တီးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးကိုလည်း ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှု၊ အသိပညာနှင့် နည်းပညာမျှဝေပေးမှုများအပြင် ဒေသအကျိုးပြုလုပ်ငန်းများနှင့်အတူ သုံးစွဲသူများ၏ ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူမှုများကြောင့် Bajaj သည် မြန်မာနိုင်ငံ၏ နံပါတ် (၁) သုံးဘီးယာဉ်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် Bajaj သည် မြန်မာနိုင်ငံ၏ ခေါက်တိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဆက်စပ် SME လုပ်ငန်းများအပါအဝင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅) သောင်းကျော် ဖန်တီးပေးထားကြောင်းလည်း သိရသည်။















