အင်တာမီလန်အသင်းရဲ့နောက်ခံလူ ဘတ်စ်တိုနီဟာ ဘာစီလိုနာအသင်းထံ အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
အီတလီလက်ရွေးစင်ကစားသမား ဘတ်စ်တိုနီက အင်တာမီလန်အသင်းရဲ့ အမာခံကစားသမားအဖြစ် ရပ်တည်နေပေမဲ့ ဘာစီလိုနာအသင်းမှာ ပြောင်းရွှေ့ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တာကြောင့် အခုလို မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းကလည်း ခံစစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေရာမှာ ဘတ်စ်တိုနီက ဦးစားပေးပစ်မှတ်ဖြစ်နေပြီး လာမယ့်နွေရာသီမှာ ကမ်းလှမ်းမှုပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။
အသက်(၂၇)နှစ်ပြည့်တော့မယ့် ဘတ်စ်တိုနီကတော့ အသင်းနှစ်သင်းကြား ဆွေးနွေးညှိနှို်င်းမှု အမြန်ဆုံးလုပ်ဆောင်စေလိုပြီး စျေးကွက်ဖွင့်လှစ်တာနဲ့ ပြောင်းရွှေ့နိုင်ဖို့ လိုလားနေကြောင်း သိရပါတယ်။
အင်တာမီလန်နည်းပြ ချီဗူးကတော့ ဘတ်စ်တိုနီကို အသင်းမှာ ဆက်ရှိစေလိုပေမဲ့ သူ့ရဲ့အနာဂတ်ကို ထိန်းချုပ်ညွှန်ကြားနိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဘတ်စ်တိုနီကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ယူရို(၅၅)သန်းကနေ ယူရိုသန်း(၆၀)အထိိအသုံးပြုရဖွယ်ရှိကြောင်း သိရပါတယ်။















