စက်သုံးဆီ ရက် ၅၀ စာသိုလှောင်ထားပြီး မစိုးရိမ်ကြရန်နှင့် မမှန်မကန်ရောင်းချခြင်းများရှိပါက တိတိကျကျတိုင်ကြားရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ပုံမှန်တင်သွင်းနေသည့်လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့် ကြပြီး ဝယ်ယူခြင်းမပြုလုပ်ကြရန်နှင့် စက်သုံးဆီ ရောင်းချခြင်း မမှန်မကန် တွေ့ရှိပါက သက်ဆိုင်ရာသို့ ဖုန်းများဖြင့် တိကျစွာ တိုင်ကြားမှုပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးကြရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိကျစွာတိုင်ကြားလာသည့် ဖြစ်စဉ်များကို သက်ဆိုင်ရာအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးကာ ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့သည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မော်တော်ယာဉ် နောက်ပိုင်းတွင် ပီပါဖြင့်တင်ကာ လာရောက်ဝယ်ယူသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ကာ ဝေဖန်မှုများလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်တွင်လည်း စက်သုံးဆီကို ဆီပေပါများဖြင့် တရားမဝင်ရောင်းချသဖြင့် စက်သုံးဆီရောင်းချသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူများကို အမှုဖွင့်အရေးယူခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။















