ဒေါ်လာ၊ ရွှေ အစရှိသည့် စျေးကစား သည့်နေရာများသို့ ငွေကြေးများ မရောက်ရှိ စေရန် ငွေထုတ်ခြင်းကို ထိန်းကျောင်းနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သည့် အသိပညာမြှင့် တင်ရေး ရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ တိုင်းပြည်ရဲ့ Production ပိုင်းကိုသွား တဲ့ ငွေထုတ်တာကို အားပေးတယ်။ မကန့် သတ်ဘူး။ မဟုတ်တဲ့ စျေးကစားတဲ့နေရာတွေ ဒေါ်လာ၊ ရွှေတို့ဆီ ရောက်သွားပြီဆိုလို့ရှိရင် တိုင်းပြည်အတွက်ကို အားမပေးဘဲနဲ့ တခြား Impact တွေအများကြီးရှိလာတယ်။ စျေးက စားတဲ့အပိုင်းတွေရှိလာတယ်။ Inflation Impact တွေရှိလာတဲ့အတွက်ကြောင့် ထိန်း ချုပ်ခြင်းဖြစ်ပါတယ်။ ထိန်းကျောင်းနေခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြား သည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ငွေ ထုတ်ယူမှုအပိုင်းတွင် အခက်အခဲများရှိခဲ့ ကြောင်း၊ ကျန်ရှိသည့် ငွေလွှဲမှုအပိုင်းများတွင် မြန်ဆန်လွယ်ကူပြီး အခက်အခဲမရှိခဲ့ကြောင်း အဆိုပါ အသိပညာမြှင့်တင်ရေးရှင်းလင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်း အသင်း ဥက္ကဌက ပြောကြားခဲ့သည်။
“ ဒီတပတ်အတွင်းထဲမှာ ကျွန်တော်တို့ အခက်အခဲလေးတွေ တွေ့ကြုံရတာရှိပါ တယ်။ ကျွန်တော်တို့ ဘဏ်ရဲ့စနစ်အရ ငွေလွှဲ မှုအပိုင်းတွေမှာတော့ အားလုံးလွယ်ကူမြန် ဆန်ပြီးတော့မှ အခက်အခဲတွေ မရှိပါဘူး။ ဒါပေမဲ့ နောက်ဆုံးအချိန်မှာပေါ့လေ၊ နယ် ကုန်သည်တွေမှာရော သက်ဆိုင်ရာလွှဲလိုက် တဲ့မြို့နယ်တွေမှာရှိတဲ့ ကျွန်တော်တို့ကုန် သည်တွေက ငွေသားထုတ်ယူမှုတွေမှာ အ ကန့်အသတ်တွေဖြစ်ပြီးတော့ ယခုကောက် ပဲသီးနှံထွက်ပေါ်ချိန်မှာ ငွေပေးချေမှု အခက် အခဲတွေအများကြီး တွေ့နေရပါတယ်” ဟု မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်း အသင်း ဥက္ကဌက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဗဟိုဘဏ်ဥက္ကဌက “ပဲ၊ ပြောင်း၊ နှမ်း ရာသီဆိုရင် ကျွန်မတို့အတတ်နိုင်ဆုံးထုတ်ပေးတယ်။ ဒါ ပေမဲ့ ဘဏ်တွေက သူ့လက်ထဲမှာရှိတဲ့ In Hand နဲ့ ထုတ်ပေးတဲ့နေရာမှာ တချို့နေရာ ဒေသတွေမှာ ဒီ Cash ကို သယ်ယူပို့ဆောင် တဲ့နေရာပေါ့။ အထုတ်များတာက မန္တလေး၊ ရန်ကုန်၊ နေပြည်တော်။ ဒါပေမဲ့ မန္တလေးက ပိုများတယ်။ ပဲ၊ ပြောင်း၊ နှမ်းက အဲ့ဒီဘက်ပို များတယ်” ဟု ပြောကြားသည်။
ရန်ကုန်မြို့မှာမူ လုပ်ခလစာထုတ်ယူမှု ပိုများကြောင်း၊ လက်ရှိတွင် CMP လုပ်ခလ စာ၊ ဝန်ထမ်းများ၏ လုပ်ခလစာများကို ဦးစား ပေးထုတ်ပေးနေသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြော ကြားသည်။
“သယ်တဲ့နေရာမှာ အခက်အခဲလေး တွေရှိတယ်။ တချို့နေရာလေးတွေရှိပါတယ်။ အဲ့ဒီနေရာမှာ ဗဟိုဘဏ်က ကူညီရတယ်။ ဒါ ပွင့်ပွင့်လင်းလင်း အားလုံးသိစေချင်ပါတယ်။ လေကြောင်းနဲ့ သွားတာရှိတယ်။ လေ ကြောင်းနဲ့ ပြန်ယူရတာရှိတယ်။ ဒီလိုမျိုးအချိန်တစ်ခုယူရတဲ့အတွက် ဒါကိုတော့ သည်း ခံစေချင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးဘဏ် တွေက တင်ပြတာတွေကို ခုနက Impact လေးတွေရှိတော့ Balancing ဖြစ်အောင် Monitoring လုပ်တာပါ။ အတတ်နိုင်ဆုံး တော့ ဒီလုပ်ခလစာပဲဖြစ်ဖြစ်၊ ပဲ၊ ပြောင်း၊ နှမ်း ပဲဖြစ်ဖြစ် ငွေထုတ်လို့ရတယ်။ အကယ်၍ Supply Chain မှာ လေးဆင့်လောက်ရှိရင် နှစ်ဆင့်လောက်က Transfer နဲ့သွားပြီး ကျန် တဲ့နှစ်ဆင့်လောက်ကို Cash House နဲ့လက် ခံပေးပါတယ်။ ဒါလေးတွေကိုလည်း အမြဲ တမ်း ဘဏ်တွေကို ခေါ်ယူပြီးတော့မှ ဆွေး နွေးပြီးတော့မှ ထိန်းကျောင်းနေတဲ့အပိုင်း တွေရှိပါတယ်။ ဒီအချိန်ကတော့ Cash House များတဲ့အချိန်လည်းဖြစ်ပါတယ်” ဟု ဥက္ကဌက ဆက်လက်ပြောကြားသည်။
ဘဏ်များကိုအမြဲတမ်း စောင့်ကြည့်နေ သဖြင့် ပြည်သူလူထုပိုက်ဆံများ မဆုံးရှုံးစေ ရဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ် သန်းသန်းဆွေက အာမခံပြောကြားသည်။
ထို့ပြင် Monetary Policy အရ အမြဲ တမ်းစောင့်ကြည့်နေကြောင်း၊ ငွေလဲနှုန်းကို လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းသို့ ရောက် ရှိအောင် ထိန်းကျောင်းနေသည်ဟု ဗဟို ဘဏ်ဥက္ကဋ္ဌ၏ပြောကြားချက်အရ သိရ သည်။















