၂၀၂၅ ခုနှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်(တနဂ်နွေနေ့)တွင် မြို့နယ် ၆၁ မြို့နယ်တွင် ကျင်းပမည်ဖြစ်ပါသည်။
မူလက ရွေးကောက်ပွဲအပိုင်း(၃)တွင် မြို့နယ် ၆၃ မြို့နယ်ပါဝင်ပြီး အဆိုပါ ၆၃ မြို့နယ်အနက် ကချင်ပြည်နယ်ရှိ မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ခြင်းမပြုကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သဖြင့် ရွေးကောက်ပွဲအပိုင်း(၃)တွင် မြို့နယ် ၆၁ မြို့နယ်သာ ပါဝင်တော့မည်ဖြစ်သည်။
မြို့နယ် ၃၃၀ ရှိသည့်အနက် ရွေးကောက်ပွဲအပိုင်း(၁)တွင် ၁၀၂ မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် မြို့နယ် ၁၀၀၊ ရွေးကောက်ပွဲအပိုင်း(၃)တွင် ၆၁ မြို့နယ်ပါဝင်ပြီး ကျန် ၆၇ မြို့နယ်သည် ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် နယ်မြေများတွင်ပါဝင်သည်။
ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သည့် ၆၁ မြို့နယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
■ကချင်ပြည်နယ်
၁။ဗန်းမော်
၂။ ဖားကန့်
၃။ ရွှေကူ
■ကရင်ပြည်နယ်
၁။ကော့ကရိတ်
၂။ကြာအင်းဆိပ်ကြီး
■စစ်ကိုင်းတိုင်းဒေသကြီး
၁။ကနီ
၂။ဆားလင်းကြီး
■တနသာ်ရီတိုင်းဒေသကြီး
၁။ လောင်းလုံး
၂။သရက်ချောင်း
၃။ပုလော
■ပဲခူးတိုင်းဒေသကြီး
၁။ကျောက်ကြီး
၂။ကျောက်တံခါး
၃။ဖြူး
၄။ အုတ်တွင်း
၅။သဲကုန်း
၆။ဝေါ
၇။ကြို့ပင်ကောက်
၈။အုတ်ဖို
■မန္တလေးတိုင်းဒေသကြီး
၁။မြစ်သား
၂။ချမ်းမြသာစည်
၃။မလှိုင်
၄။တောင်သာ
၅။မြင်းခြံ
၆။ ငါန်းဇွန်
၇။သပိတ်ကျင်း
၈။ ပုသိမ်ကြီး
■ရန်ကုန်တိုင်းဒေသကြီး
၁။ ဒဂုံ
၂။လမ်းမတော်
၃။ဆိပ်ကြီး/ခနောင်တို
၄။ဒလ
၅။ဒဂုံမြို့သစ်(ဆိပ်ကမ်း)
၆။ဒဂုံမြို့သစ်(အရှေ့ပိုင်း)
၇။မင်္ဂလာတောင်ညွန့်
၈။သာကေတ
၉။မြောက်ဥက္ကလာပ
၁၀။ တာမွေ
၁၁။ရန်ကင်း
၁၂။ကျောက်တန်း
၁၃။ ခရမ်း
၁၄။ သုံးခွ
၁၅။စမ်းချောင်း
၁၆။လှိုင်သာယာ(အနောက်ပိုင်း)
၁၇။လှိုင်သာယာ(အရှေ့ပိုင်း)
■ရှမ်းပြည်နယ်
၁။မက်မန်း
၂။ပင်လောင်း
၃။ညောင်ရွှေ
၄။ ဖယ်ခုံ
၅။ မိုးနဲ
၆။ကျေးသီး
၇။မိုင်းရှူး
၈။သီပေါ
၉။ကျောက်မဲ
■ဧရာဝတီတိုင်းဒေသကြီး
၁။ရေကြည်
၂။ငပုတော
၃။ ဒေးဒရဲ
၄။ ညောင်တုန်း
၅။ဓနုဖြူ
၆။အင်္ဂပူ
၇။မော်လမြိုင်ကျွန်း
၈။ဇလွန်
၉။လေးမျက်နှာ
အထက်ပါ ၆၁ မြို့နယ်အနက် ရွှေကူ၊ ကနီ၊ ဆားလင်းကြီး၊ လောင်းလုံး၊ ဖယ်ခုံ၊ မက်မန်းနှင့် မိုးနဲမြို့နယ် စုစုပေါင်း ခုနစ်မြို့နယ်၏ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ဘက်ကိုယ်စားလှယ်လောင်းမရှိသဖြင့် မိုးနဲမြို့နယ်တွင် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နှင့် ကျန်ခြောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ယင်းမြို့နယ်များ၏
ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် UEC က ဇန်နဝါရီ ၂ ရက်ကတည်းက အတည်ပြုကြေညာထားသည်။
ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂) ကျင်းပအပြီးတွင် ပြည်သူ့လွှတ်တော် ၂၀၂ နေရာအနက် ပြည်ခိုင်ဖြိုးပါတီက ၁၇၅ နေရာ၊ တစ်သီးပုဂ္ဂလ တစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီက လေးနေရာ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက တစ်နေရာ၊ ရှမ်းနှင့် တိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က လေးနေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လေးနေရာ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီက တစ်နေရာ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တစ်နေရာ၊မွန်ညီညွတ်ရေးပါတီက ငါးနေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ နာဂအမျိုးသားပါတီက လေးနေရာ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီက တစ်နေရာရရှိခဲ့သည်။
ထို့ပြင် UEC ၏ ဇန်နဝါရီ ၁၇ ရက်အထိထုတ်ပြန်ထားသည့်ချက်အရ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇၈ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၅၂ နေရာ၊ တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီက ခြောက်နေရာ၊ မွန်ညီညွတ်ရေးပါတီက ငါးနေရာ၊ဇိုမီးအမျိုးသားပါတီက သုံးနေရာ၊ ရခိုင့်ဦးဆောင်ပါတီက သုံးနေရာ၊ "ဝ" အမျိုးသားပါတီတစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ နာဂအမျိုးသားပါတီကတစ်နေရာ၊ ပြည်သူ့ပါတီ(PP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားများလူမျိုးများ ဒီမိုကရေစီပါတီ၊ ကယားပြည်နယ်ပြည်သူ့ပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့က တစ်နေရာစီ ရွေးကောက်တင်မြှောက်ခံထားရသည်။















