■ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ် ၁၀၀ အနက် ၅၂ မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာများ၌ ပြည်ခိုင်ဖြိုးပါတီက ၄၄ နေရာ၊ တစညပါတီက နှစ်နေရာနှင့် တိုင်းရင်းသားပါတီသုံးပါတီက ခြောက်နေရာအနိုင်ရရှိကြောင်း UEC ထုတ်ပြန်

■ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ် ၁၀၀ အနက် ၅၂ မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာများ၌ ပြည်ခိုင်ဖြိုးပါတီက ၄၄ နေရာ၊ တစညပါတီက နှစ်နေရာနှင့် တိုင်းရင်းသားပါတီသုံးပါတီက ခြောက်နေရာအနိုင်ရရှိကြောင်း UEC ထုတ်ပြန်
Published 16 January 2026

ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ် ၁၀၀ အနက် ၅၂ မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာများ၌ ပြည်ခိုင်ဖြိုးပါတီက ၄၄ နေရာ၊ တစညပါတီက နှစ်​​နေရာနှင့် တိုင်းရင်းသားပါတီသုံးပါတီက ​​​ခြောက်နေရာအနိုင်ရရှိကြောင်းUEC က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။

UEC ၏ ထုတ်ပြန်ချက်အရ ၅၂ မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ၄၄ နေရာ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက တစ်နေရာ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက တစ်နေရာ၊ တိုင်းရင်းသားစည်လုံး ညီညွတ်ရေးပါတီက နှစ်​​နေရာ၊ မွန်ညီညွတ်ရေးပါတီက လေးနေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် မြို့သစ်နှင့် စေတုတ္ထရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း၊ ကချင်ပြည်နယ်ပြည်သူ့ပါတီသည် မချမ်းဘောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် လှိုင်းဘွဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း၊ မွန်ညီညွတ်ရေးပါတီသည် မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်လည်းကောင်း အသီးသီယအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် မြို့နယ် ၁၀၀ အနက် မင်းကင်း၊ ဝန်းသို၊မော်လိုက်၊ ရေဦး၊ရေဖြူနှင့် ဂန့်ဂေါမြို့နယ် စုစုပေါင်း ​​ခြောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများသာ အမည်စာရင်းတင်သွင်းယှဉ်ပြိုင်ထားပြီး ယှဉ်ပြိုင်ဘက်မရှိသဖြင့် ယင်းခြောက်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ကြောင်း UEC က ယခင်ကတည်းက ထုတ်ပြန်ထားသဖြင့် လက်ရှိထုတ်ပြန်ထားမှုများအရ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူ့လွှတ်တော် နေရာ ၅၀ ရရှိထားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈  ရက်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း(၁) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀၂ ခုတွင် ပြည်ခိုင်ဖြိုးပါတီက ၈၉ နေရာအနိုင်ရရှိပြီး  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသုံးနေရာ၊ နာဂအမျိုးသားပါတီက လေးနေရာ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီက တစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ မွန်ညီညွတ်ရေးပါတီက တစ်နေရာ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က လင်းခေးမြို့နယ်တွင်တစ်နေရာ အနိုင်ရရှိထားသည်။

ထို့အတူ UEC ၏ ဇန်နဝါရီ ၈ ရက်အထိထုတ်ပြန်ထားသည့် စာရင်းများအရ ရွေးကောက်ပွဲအပိုင်း(၁)တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီက ၂၁ နေရာ၊"ဝ" အမျိုးသားပါတီတစ်နေရာ၊ ဇိုမီးအမျိုးသားပါတီက သုံးနေရာ၊  ရခိုင့်ဦးဆောင်ပါတီက သုံး​​နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီက တစ်နေရာ၊ နာဂအမျိုးသားပါတီကတစ်နေရာ၊ မွန်ညီညွတ်ရေးပါတီတစ်နေရာ အနိုင်ရရှိထားသည်။

Most Read

Most Recent