လေဗာကူဆင်အသင်းမှ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်သည် လီဗာပူးလ်အသင်းတွင် ကျောနံပါတ်(၁၀) ဝတ်ဆင်ခွင့်ရရှိရန် အလိုရှိနေကြောင်း သိရသည်။
ဖလော်ရီယန်ဗက်ဇ်သည် လီဗာပူးလ်အသင်းသို့ ရောက်ရှိရန် နီးစပ်နေသူဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၄၀)ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
ဗက်ဇ်ကိုယ်တိုင်ကလည်း လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေသည်။
၎င်းသည် လေဗာကူဆင်အသင်းတွင် နံပါတ်(၁၀)ဝတ်ဆင်နေသူဖြစ်သည့်အတွက် လီဗာပူးလ်အသင်းတွင်လည်း နံပါတ်(၁၀)ဝတ်ဆင်ခွင့်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် လီဗာပူးလ်အသင်း၌ မက်အယ်လစ္စတာက ကျောနံပါတ်(၁၀) ဝတ်ဆင်လျက်ရှိသည်။
ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတို့ကလည်း ဗက်ဇ်ကို စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။















