မတ်လ ၂ ရက်နေ့ မွန်လွဲပိုင်း ၃ နာရီကျော်ခန့်က ရေတာရှည်မြို့နယ် ကျွန်းတောကုန်းကျေးရွာနေ အသက် ၁၂ နှစ်ဝန်းကျင်ခန့်ရှိ တတိယတန်းကျောင်းသား မောင်ကြယ်စင်ဟိန်း သည် ကျွန်းတောကုန်း ကျေး ရွာအနီး မတ်ပဲ စိုက်ခင်းအတွင်း မတ်ပဲ ကောက်သင်းကောက်ရာမှ မတ်ပဲခင်းအနီး အင်းစပ်တွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ချောင်းစလုံး ဖြတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ် အခြေအနေနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် Save The Tree Rescue အသင်း တာဝန်ခံကိုကျော်သူရက “ကလေး က ခြေထောက်နှစ်ဖက်ဖြတ်လိုက်ရတာပေါ့ နော် ၊ သူ့ကိုကုသပေးနေတာ အခြေအနေက တိုးတက်မှုတော့ရှိလာပါပြီ။ ကလေးက သုံးတန်း ကျောင်းသားပါ၊ လက်ရှိအခြေအနေအရ တော့ အတန်းပညာ ဆက်လက်သင်ကြားဖို့က တော့ အခွင့်အလမ်းတော်တော်ကို နည်းသွားပါပြီ၊ ဘာလို့လည်းဆိုတော့ ကျွန်တော် တို့က သူ့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့အတွက် အဓိကလုပ်ရမှာပေါ့ နော်၊ သူက လောလောဆယ်တော့ ဆေးရုံ မှာပဲ တစ်လလောက်ထားပြီး ဆေးကုနေရဦးမှာပါ။ ဆေးရုံက ဆင်းသွားရင်လည်း ပုံမှန် ဆေး ထည့်၊ ပြန်ပြပေါ့၊ သူဆေးရုံက ဆင်းသွား ပြီးရင်လည်း သုံးလလောက်နေရင် တစ်ခါ ဆေးရုံပြန်ပြဖို့ ကျွန်တော်တို့ကလုပ်ပေးရဦး မှာ၊ သူ့ရဲ့ ခြေထောက်အနာ ပြန်ကောင်းသွား ဖို့အတွက်က အချိန် ၆ လလောက်ယူရဦးမှာ ပေါ့” ဟု ပြောကြားသည်။
မိုင်းထိ၍ ထိခိုက်ဒဏ်ရာရရှိသွားသော မောင်ကြယ်စင်ဟိန်းအား ကျေးရွာဒေသခံ များ အကူအညီဖြင့် တောင်ငူမြို့ ပြည်သူ့ ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်၍ ဆေးကုသ မှုခံယူခဲ့ပြီး မိုင်းထိဒဏ်ရာကြောင့် ခြေနှစ် ဖက်စလုံးမှာ ဒူးဆစ်အောက်ပိုင်းမှ ပြတ်ထွက် သွားခဲ့ရကြောင်း၊ ခြေထောက်နှစ်ဖက်ပြတ်တောက်သွားခဲ့သော်လည်း ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိပြီး ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင် ရာ ကျန်းမာရေးအတွက် အထူးဂရုစိုက်ဆောင် ရွက်ပေးနေကြောင်း၊ လတ်တလောတွင် တောင်ငူဆေးရုံကြီး၌ တစ်လကြာခန့် ဆေး ကုသမှု ခံယူရဦးမည်ဖြစ်ကာ ဆေးရုံမှ ဆင်းသွားသော်လည်း ခြေထောက်ပြတ် ဒဏ်ရာ အား ဆေးကုသမှု ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
မိုင်းထိ၍ခြေထောက်နှစ်ဖက်လုံး ဖြတ် လိုက်ရသည့် ကလေးငယ်မှာ ဆင်းရဲ၍ ကျူ ရှင်မယူနိုင်သော်လည်း စာတော်သည်ဟုသိရ ကြောင်း၊ မိဘများမှာ ဆင်းရဲကြသဖြင့် ကျောင်းဆင်းချိန်တွင် မတ်ပဲ ကောက်သင်း ကောက်ရင်း မတ်ပဲခင်းဘေးတွင် ရှိသည့် အင်းထဲကို ရေသောက်ဆင်းရင်း အင်းစပ်တွင် မိုင်းထိခြင်းဖြစ်ကြောင်း၊ လတ်တလော အရေး ပေါ်ခွဲစိတ်ခြင်း ဆေးရုံတက်ကုသခြင်း ခြေ တုတပ်ဆင်ရန်နှင့် ဆေးရုံမှဆင်းပြီးနောက် ပုံမှန်ဆေးခန်းပြရက်ချိန်းများနှင့် ကလေး ငယ်၏ဘဝရပ်တည်နိုင်ရေးအတွက်အထိ Save The Tree Rescue အသင်းမှ ကူညီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးငယ် ကူညီထောက်ပံ့လိုသူများရှိပါက ဆက်သွယ်ကူညီပေးနိုင်ကြောင်း ကိုကျော် သူရက ၎င်း၏လူမှုကွန်ရက်တွင် ရေးသား ထားသည်။















