တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည့် သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲ ကျင်းပနေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မေ ၅ ရက် နံနက် ၉ နာရီက အင်္ဂလိပ်စာဘာသာရပ်ကို ဆက်လက်ဖြေဆိုနေကြောင်း သိရသည်။
သပိတ်ကျင်းခရိုင်အနေဖြင့် အ.ထ.က၊ သပိတ်ကျင်းတွင် ၉၆ ဦး၊ အထက-၁ မိုးကုတ်တွင် ၁၃၃ ဦး စုစုပေါင်း ၂၂၉ ဦးလာရောက်ဖြေဆိုခဲ့ကြပြီး မေ ၁၁ ရက်အထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကျင်းပရာသို့ သပိတ်ကျင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ လာရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တပ်မတော်က သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝထိန်းချုပ်ခဲ့ပြီးနောက် အဆိုပါ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။















