လီဗာပူးလ်နည်းပြ အာနယ်ဆလော့က လက်ရှိရင်ဆိုင်နေရသော ပြဿနာအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ အဖြေရှာနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိတွင် ရလဒ်များ ဆိုးရွားနေပြီး ပြိုင်ပွဲစုံ (၆) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရာ အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသလို၊ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) အပြီးတွင် ရမှတ် (၂၃) မှတ်ဖြင့် အဆင့် (၂) နေရာတွင် ရပ်တည်နေသော်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း (၃၁ မှတ်)နှင့် (၈)မှတ်အထိ ကွာဟနေသည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် ဆုံတွေ့ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မီဒီယာတွေ့ဆုံမှုတွင် အာနယ်ဆလော့က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"လူတိုင်းက ရလဒ်တွေကိုပဲ ကြည့်နေပေမဲ့ သူတို့က အရမ်းအရမ်းကို ကောင်းတဲ့အသင်းအဖြစ် ဆက်ရှိနေပါတယ်။ ပြီးတော့ ဂွါဒီယိုလာကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ပါ။ သူက ပြဿနာတွေကို အမြဲဖြေရှင်းနိုင်ပါတယ်"ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။















