ပရိသတ်တစ်သိန်း ဝင်ဆံ့မည့် မန်ယူအသင်း၏ ကွင်းသစ်စီမံကိန်း အကောင်အထည်ပေါ်ရန် ပိုမိုနီးစပ်လာ

ပရိသတ်တစ်သိန်း ဝင်ဆံ့မည့် မန်ယူအသင်း၏ ကွင်းသစ်စီမံကိန်း အကောင်အထည်ပေါ်ရန် ပိုမိုနီးစပ်လာ
Photos: SPORTbible & ESPN
Photos: SPORTbible & ESPN
Published 11 September 2024

 

မန်ယူအသင်း၏ ပရိသတ်တစ်သိန်း ဝင်ဆံ့မည့် ကွင်းသစ်စီမံကိန်းသည် အကောင်အထည်ပေါ်လာရန် ပိုမိုနီးစပ်လာလျက်ရှိကြောင်း သိရသည်။

Wembley of the North ဟု အမည် ပေးထားသည့် ယင်းစီမံကိန်းအတွက် ဒေသတွင်းအာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။ 

မန်ယူအသင်းအနေဖြင့် ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ကွင်းသစ်စီမံကိန်းအစီအစဉ်မှ အိုးလ်ထရက်ဖို့ဒ်ဝန်းကျင်တွင် အကျိုးအမြတ်များ ရရှိစေရေးအတွက် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်သည်။ 

အဆိုပါကွင်းသစ်တည်ဆောက်မှုမှာ ပေါင်နှစ်ဘီလျံဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လက်ရှိ အိုးလ်ထရက်ဖို့ဒ်ကွင်းအား ပြင်ဆင်တည်ဆောက်ခြင်း သို့မဟုတ် အခြားနေရာသစ်၌ ကွင်းသစ်တည်ဆောက်ခြင်း ပြုလုပ်သွားရန် ရည်ရွယ်ထားရာ ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်သွားနိုင်ရန် ဆာဂျင်ရက်ကလစ်ဖ်က လိုလားနေကြောင်း သိရသည်။ 

မန်ယူအသင်း၏ လက်ရှိ အိုးလ်ထရက်ဖို့ဒ်ကွင်းသည် ပရီးမီးယားလိဂ်တွင် ပရိသတ်အများဆုံးဖြစ်ပြီး  ၇၄၃၁၀ ဦး ဝင်ဆံ့ကြောင်းသိရသည်။

Most Read

Most Recent