ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 1 September 2024

ချယ်လ်ဆီး - ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ရး၀၀ နာရီ)

ချယ်လ်ဆီးကတော်တော်လေးမှန်းဆရခက်တဲ့အသင်းပါ။ မန်စီးတီးနဲ့ပွဲမှာ ကစားခဲ့ တဲ့ ခြေစွမ်းက ရှုံးပေမယ့် ကောင်းပါတယ်။ ဆာဗက်တေ၊ ဝုလ်ဗ်တို့နဲ့ ပွဲတွေမှာ ဂိုးပြတ်နိုင် ခဲ့ပေမယ့် မကောင်းပါဘူး။ တစ်ပွဲတည်းမှာတင် ကြောက်စရာအကောင်းဆုံးအချိန်တွေရှိ သလို ဖွာလန်ကြဲနေတဲ့အချိန်တွေလည်း ရှိတယ်။ ပဲလေ့စ်ကလည်း တိုက်စစ်အားနည်းပြီး  ခံစစ်လည်း ညံ့ပါတယ်။ ချယ်လ်ဆီး အိမ်ကွင်းနိုင်ပွဲ စယူမယ်။

နယူးကာဆယ် - စပါး (တနင်္ဂနွေည ရး၀၀ နာရီ)

စပါးနဲ့ နယူးကာဆယ်က ကစားဟန်ဆင်ကြတယ်။ ပေါက်ကွဲအားကောင်းတယ်။ ကွင်းလယ်ခံစစ်က မာကြောပြီး အလုပ်အရမ်းလုပ်တယ်။ တိုက်စစ် ထက်မြက်ကြတယ်။  နှစ်သင်းစလုံးရဲ့ Identity က ဆင်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ စပါးက ဆက်ထိန်းထားနိုင် ပြီး နယူးကာဆယ်က ကွင်းလယ်မှာအမှားတွေရှိလာတယ်။ တိုက်စစ်ကစားပုံ လျော့လာ တယ်။ စပါးကိုပဲ ကြိုက်တယ်။  

မန်ယူ - လီဗာပူးလ် (တနင်္ဂနွေည ၉း၃၀ နာရီ)

မန်ယူနိုက်တက်ရဲ့ ကစားသမားတော်တော်များများက Early momutem ကို မရဘူး ဖြစ်နေတယ်။ အသင်းမှာ ခါ တိုင်း အားကိုးနေကျ ကစားသမားတွေတောင် Form အောက်ချင်နေတယ်။ လီဆန်ဒရိုမာတီနက်ဇ်ကိုယ်တိုင် မရောက်သင့် တဲ့နေရာတွေရောက်နေပြီး ကျန်နေခဲ့တာမျိုးတွေလည်း မြင်နေရတယ်။ မန်ယူနိုက်တက်အတွက် အားကောင်းတဲ့အချက်က တောင်ပံတိုက်စစ်ကို ထိန်းချုပ်တဲ့အပိုင်းမှာ ဒါလော့က တော်တော်လေး လိုက်နိုင်ဖြည့်ပေးနိုင်တာနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့  လုပ် ဆောင်ပုံကို ကြည့်ရမယ်။ လီဗာပူးလ်က သိသိသာသာ ငြိမ်နေပါတယ်။ ခြေစွမ်းရော၊ ရလဒ်ပါ ကောင်းမွန်ပြီး အသင်းငယ်တွေနဲ့ ကစားခဲ့တာကြောင့် ဆိုပေမယ့် System တစ်ခုကို အကောင်အထည်ဖော်နိုင်တဲ့ ပုံစံအရဆိုရင် ဒီပွဲလည်း အလုပ်ဖြစ်မယ်ထင် တယ်။ လီဗာပူးလ်ကို ကြိုက်တယ်။ 

Most Read

Most Recent