■ အယ်လ်အစ်တီဟတ်၏ ကမ်းလှမ်းမှုကို ဒီဘရိုင်းနား ငြင်းပယ်     

■ အယ်လ်အစ်တီဟတ်၏ ကမ်းလှမ်းမှုကို ဒီဘရိုင်းနား ငြင်းပယ်     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းမှ ဒီဘရိုင်းနား ထွက်ခွာမည်မဟုတ်ဟု ပြောကြားခဲ့ပြီးနောက် ၎င်းသည် မန်စီးတီးအသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်နေဖွယ်ရှိကြောင်း သိရသည်။ 

ဒီဘရိုင်းနား(၃၃ နှစ်)သည် အသက်အရွယ်ရလာပြီဖြစ်၍ မိသားစုအတွက် ဦးစားပေးစဉ်းစားရတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အယ်လ်အစ်တီဟတ်အသင်း၏ တစ်ပတ်ပေါင်(၁)သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းသည် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်မှသာ ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိနေသည်။

Most Read

Most Recent