လောင်းကစားစွဲလမ်းမှုကို ဘဝတူများနှင့်ဆွေးနွေးပြီးနောက် ဖြေရှင်းနိုင်ခဲ့ပြီဟု တိုနာလီ ဖွင့်ဟ

လောင်းကစားစွဲလမ်းမှုကို ဘဝတူများနှင့်ဆွေးနွေးပြီးနောက် ဖြေရှင်းနိုင်ခဲ့ပြီဟု တိုနာလီ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 29 August 2024

နယူးကာဆယ်ကွင်းလယ်ကစားသမား တိုနာလီက မိမိ၏လောင်းကစားစွဲလမ်းမှုကို ဘဝတူများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား တိုနာလီသည် ၂၀၂၃ နွေရာသီတွင် အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

သို့သော် ၎င်းသည် တရားမဝင်လောင်းကစားလုပ်ခဲ့ခြင်းကြောင့်  ၂၀၂၃ အောက်တိုဘာ (၂၆) ရက်တွင် ဘောလုံးကစားခြင်းမှ (၁၀) လ ပိတ်ပင်ခံခဲ့ရသည်။

တိုနာလီသည် ယခုအခါ ပြစ်ဒဏ်စေ့သွားပြီး နယူးကာဆယ်အသင်းအတွက် ပြန်ကစားနေပြီဖြစ်သည်။

(၁၀) လ ပွဲပယ်ခံရချိန်တွင် ၎င်းကို လောင်းကစားစွဲလမ်းသူများနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်းဖြင့် ယင်းပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုနာလီက ''စကားပြောတာက အရမ်းကို အကူအညီဖြစ်ပါတယ်။ ပွဲပယ်ခံရတဲ့ ပထမ (၃) လအတွင်း လောင်းကစားစွဲလမ်းနေကြတဲ့ ပုံမှန်အလုပ်သမားတွေနဲ့ ကျွန်တော် တွေ့ဖြစ်တယ်။ အထူးသဖြင့် နယူးကာဆယ်က လူတွေပါပဲ။ ကျွန်တော့်ပြဿနာ လူသိရှင်ကြားဖြစ်လာတော့ သူတို့လည်း သူတို့အကြောင်းတွေကို ဝေမျှကြတယ်။ အစတုန်းက ဒါကိုဖွင့်ပြောဖို့ ခက်ခဲပါတယ်။ သတ္တိလည်း မရှိဘူးလေ။ တစ်ခုခုက ပိတ်ထားသလိုမျိုးပဲ။ ဒါပေမဲ့ အခုလို ဘဝတူတွေနဲ့ပြောပြီးနောက်မှာတော့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent