ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်သည် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။
ဘာစီလိုနာအသင်းသည် ဘီလ်ဘာအိုလူငယ်တိုက်စစ်ကစားသမား နီကိုဝီလီယံစ်အား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် ဘယ်တောင်ပံတိုက်စစ်နေရာတစ်နေရာအတွက် ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား ကင်စလေကိုးမန်းနှင့် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
GOL Sport ၏ ဖော်ပြချက်အရ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ရပ်ရှ်ဖို့ဒ်အား ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း သိရသည်။
အသက် (၂၆) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၄၃)ပွဲတွင် (၈)ဂိုးသာ သွင်းနိုင်ခဲ့သည်။
ဘာစီလိုနာအနေဖြင့် လက်ရှိအချိိန်ထိ ရပ်ရှ်ဖို့ဒ်ကို ကမ်းလှမ်းခြင်းမရှိသေးကြောင်း သိရှိရသည်။