■ ဆလော့ကို ယုံကြည်လို့ရပြီလား

■ ဆလော့ကို ယုံကြည်လို့ရပြီလား
Photo : Getty Images
Photo : Getty Images
Published 15 August 2024
AK

အမေရိကန်ရာသီကြိုခြေစမ်းခရီးစဉ်က လီဗာပူးလ်နည်းပြသစ် ဆလော့ဆီက သံသယတွေကိုဖယ်ချပေးခဲ့တယ်။ ဘက်တစ်၊ အာဆင်နယ်၊ မန်ယူအသင်းတွေကို အနိုင်ယူပြီး ဆလော့က သူ့ကိုယ်သူစန်းတင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်ရာသီကြိုခြေစမ်းခရီးစဉ်ကာလအတွင်းမှာ ဆလော့က ထင်ထင်ရှားရှားနေခွင့်မရဘူး။ လီဗာပူးလ်ပရိသတ် များစွာရှိနေပြီး အမေရိကန်အသင်းပိုင်ရှင်လက်ထဲ က အသင်းတစ်သင်းရဲ့နည်းပြအဖြစ် ဆလော့ဟာ အမေရိကန်မှာ တခမ်းတနား ဂုဏ်ပြုမိတ်ဆက်ခံရသင့်ပေမဲ့ ဖြစ်မလာခဲ့ဘူး။ ဆလော့ကိုယ်တိုင်ကလည်း လိုအပ်တာထက် နေရာပိုမယူချင်ပုံပဲ။ အင်တာဗျူးတွေဖြေဖို့ထက် ဘေ့စ်ဘောပွဲ သွားကြည့်တာကို စိတ်အားပိုထက်သန်ခဲ့တယ်။ ပရိသတ်တွေနဲ့ ဆုံတဲ့အခါ ရင်းရင်းနှီးနှီး ဆက်ဆံပေမယ့် သတင်းစာရှင်းလင်းပွဲတွေမှာ "အမေရိကန်ပသတ်တွေက ဘလာဘလာ"ဆိုတဲ့ ဒီပလိုမေစီ စကားတွေမပြောဘူး။ ပွဲကြိုသတင်းစာရှင်းလင်းပွဲတောင် ဆလော့ တစ်ခါပဲ လုပ်ခဲ့တာပါ။

 

Most Read