ယခုနှစ်အတွင်း အာဖရိကတွင် mpox ရောဂါဖြစ်ပွားသူ ၁၈၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်

ယခုနှစ်အတွင်း အာဖရိကတွင် mpox ရောဂါဖြစ်ပွားသူ ၁၈၀၀၀ ကျော် တွေ့ရှိခဲ့ကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်
သြဂုတ် ၁၆ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ ဂိုမာမြို့မြောက်ပိုင်းရှိ ဆေရုံးတစ်ရုံ၏ mpox ရောဂါကုသရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက လူနာများကို အသိပညာများ ဟောပြောပို့ချပေးနေစဉ်(Photo: AFP)
သြဂုတ် ၁၆ ရက်က ဒီအာရ်ကွန်ဂိုနိုင်ငံ ဂိုမာမြို့မြောက်ပိုင်းရှိ ဆေရုံးတစ်ရုံ၏ mpox ရောဂါကုသရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက လူနာများကို အသိပညာများ ဟောပြောပို့ချပေးနေစဉ်(Photo: AFP)
Published 17 August 2024

ယခုနှစ်အစပိုင်းကတည်းက အာဖရိကတွင် mpox ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာနှင့် သံသယလူနာပေါင်း ၁၈၇၃၇ ဦးကို တွေ့ရှိခဲ့ပြီး သီတင်းတစ်ပတ်အတွင်းမှာပင် ရောဂါကူးစက်ခံရသူ ၁၂၀၀ ခန့်ကို တွေ့ရှိခဲ့ ရကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုရောဂါကူးစက်ခံရသူများသည် ယခုနောက်ဆုံးတွေ့ရှိသည့် mpox ဗိုင်းရပ်မျိုးကွဲ သစ်အပါအဝင် မျိုးဗီဇ သုံးခု၏ ကူးစက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

အသစ်တွေ့ရှိခဲ့သည့် mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေး ပေါ်အခြေအနေအဖြစ်ကြေညာခဲ့သည်။

လက်ရှိအချိန်အထိ အာဖရိကသမဂ္ဂအဖွဲ့ဝင် ၁၂ နိုင်ငံတွင် mpox အတည်ပြုလူ နာ ၃၁၀၁ ဦးနှင့် သံယူလူနာ ၁၅၆၃၆ ဦး ရှိခဲ့ပြီး သေဆုံးသူ ၅၄၁ ဦးရှိကာ သေဆုံးနှုန်းမှာ ၂ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာ(CDC)က ထုတ်ပြန်ခဲ့သည်။၂၀၂၃ ခုနှစ် စက်တင်ဘာလက Clade 1b မျိုးကွဲကို ပထမဆုံးတွေ့ရှိခဲ့သည့် ဒီအာရ်ကွန်ဂိုနိုင်ငံသည် ရောဂါကူးစက်မှုကို အများဆုံးခံခဲ့ရပြီး တစ်ပတ်အတွင်း mpox အတည်ပြုလူနာ ၂၂၂ ဦး နှင့် သံသယလူနာ ၇၈၄ ဦးရှိခဲ့ကာ သေဆုံးသူ ၂၄ ဦးရှိခဲ့သည်။

လူဦးရေ သန်း ၁၀၀ ခန့်ရှိသည့် ဒီအာရ် ကွန်ဂိုနိုင်ငံ၏ ပြည်နယ် ၂၆ ခုစလုံးတွင် ရော ဂါကူးစက်မှုဖြစ်စဉ်များကိုတွေ့ရှိခဲ့သည်။

အိမ်နီးချင်းဘူရန်ဒီနိုင်ငံတွင် သီတင်းတစ်ပတ်အတွင်း mpox အတည်ပြုလူနာ ၃၉ ဦးနှင့် သံသယလူနာ ၁၃၄ ဦးရှိခဲ့ကာ သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်မှုနှုန်းသည် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ယခုနှစ်အတွင်း ရောဂါကူးစက်မှုများသည် ၂၀၂၃ ခုနှစ်တစ်နှစ်ပတ်လုံးအတွင်း ရောဂါကူးစက်မှုများထက် ပိုမိုများပြားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် mpox ရောဂါကူးစက်ခံရ သူ ၁၄၃၈၃ ဦး အထိရှိခဲ့သည်ဟု အာဖရိက CDC ကထုတ်ပြန်ခဲ့သည်။

ယခုသီတင်းပတ်အတွင်း အာဖရိက အပြင်ဘက်တွင် mpox ရောဂါကူးစက်မှုဖြစ် စဉ်များကို ဆွီဒင်နှင့် ပါကစ္စတန်တွင် တွေ့ရှိခဲ့သည်။

အစောပိုင်းက မျောက်ကျောက်ဟု အမည်ပေးခဲ့သည့် Mpox  ရောဂါသည် ဗိုင်း ရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံ ကူးစက်ပြီး လူတစ်ဦးနှင့်တစ်ဦး အနီးကပ်ထိတွေ့မှုမှ ကူးစက်နိုင် သည်။ကနဦး လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များ သည်။အလွန်အမင်းယားယံခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်နိုင်သည့် အဖုအပိမ့်များသည် နောက်ဆုံးတွင် အနာဖေးမဖြစ်ပေါ်မီအဆင့် အမျိုးမျိုးသို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကျွတ်ထွက်သွားသည်။ အနာများက အမာရွတ်များ ဖြစ်ကျန်စေနိုင်သည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။                                 Ref: AFP

Most Read

Most Recent