ရုရှား၏ ကာ့စ်ဒေသကို ယူကရိန်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပထမဆုံးအကြိမ်အဖြစ် ဝန်ခံပြောကြား

ရုရှား၏ ကာ့စ်ဒေသကို ယူကရိန်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပထမဆုံးအကြိမ်အဖြစ် ဝန်ခံပြောကြား
၂၀၂၃ ခုနှစ် မေ ၉ ရက်က ဥရောပကော်မရှင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် မေ ၉ ရက်က ဥရောပကော်မရှင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo:AFP)
Published 12 August 2024

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှား၏ ကာ့စ်ဒေသကို အံ့အားသင့်ဖွယ်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက သြဂုတ် ၁၀ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဝန်ခံပြောကြားခဲ့ပြီး ကာ့စ်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ယူကရိန်း-ရုရှားစစ်ပွဲစတင်ဖြစ်ပွားခဲ့ ပြီးကတည်းက ရုရှား၏ နယ်နိမိတ်ကို ယူကရိန်းက အကြီးမားဆုံး ကျူးကျော်ဝင်ရောက် တိုက်ခိုက်သည့် ခြောက်ရက်မြောက်နေ့ဖြစ်သည့် သြဂုတ ်၁၀ ရက်တွင် နှစ်နိုင်ငံတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ထိုအခြေအနေကို ရုရှားက စိုးရိမ်ခဲ့ပြီးနောက် နယ်စပ်ဒေသ သုံးခုတွင် အကြွင်းမဲ့ လုံခြုံရေးအုပ်ချုပ်မှုစနစ် ကျင့်သုံးကြောင်း ကြေညာခဲ့ပြီး ရုရှား၏ မဟာမိတ် ဘီလာရုစ်နိုင်ငံကလည်း ယူကရိန်းနှင့်ထိစပ်နေသည့် ၎င်း၏နယ်စပ်သို့ စစ်သားများ စေလွှတ်ခဲ့ကာ ယူကရိန်းသည် ၎င်း၏လေပိုင်နက်ကို စွပ်စွဲ ခဲ့ကြောင်းစွပ်စွဲခဲ့သည်။

သြဂုတ် ၁၀ ရက်ညပိုင်းက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင်မူ ဇယ်လန်စကီးက ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါ ဆိုစကီးနှင့် ရုရှားနယ်စပ်တွင်ပြုလုပ်နေသည့် စစ်ဆင်ရေးကို ဆွေးနွေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလက ရုရှား၏ကျူးကျော်မှုပြီးနောက် ယူကရိန်းအတွက် တရားမျှတမှုကို ပြန်လည် ထိန်းသိမ်းသွား မည်ဟု ကတိပြုခဲ့သည်။

“ဒီနေ့မှာ ရှေ့တန်းကအခြေအနေတွေနဲ့ ကျူးကျော်သူတွေရဲ့ နယ်နိမိတ်ထဲမှာ စစ်ပွဲဆင်နွှဲနေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအကြောင်းကို စစ်ဦးစီးချုပ် ဆိုစကီးဆီက သတင်းတွေကြားသိခဲ့ရပါတယ်။ ယူကရိန်းဟာ ကျူးကျော်သူတွေကို ဖိအားပေးဖို့နဲ့ တရားမျှတမှုကို ပြန်လည်ထိန်းသိမ်းဖို့ လုပ် ဆောင်သွားမှာပါ”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှား၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီကမူ ယူကရိန်းသည် မိမိတို့နိုင်ငံ၏နယ်စပ်ဒေသများတွင် အခြေအနေကို တည်ငြိမ်မှုပျက်ယွင်းစေရန် မကြုံစဖူးကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရန်သူများ၏ အဖျက်အမှောင့်အဖွဲ့များက ပြုလုပ်သည့် အကြမ်းဖက်လုပ်ရပ် ခြိမ်းခြောက်မှုကို နှိမ်နင်းရန် နှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို စိတ်ချသေချာစေရန်  သြဂုတ် ၉ ရက် နှောင်းပိုင်းတွင် ဘယ်လ်ဂို ရော့၊ ဘာယန့်စ်နှင့် ကာ့စ်ဒေသများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများကို စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ ဥပဒေအရ လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်တပ်သည် အကြမ်းဖက်မှု တိုက်ဖျက်သည့် စစ်ဆင်ရေးများအတွင်း အကြွင်းမဲ့ အရေးပေါ်လုပ်ပိုင်ခွင့်များ ပေးအပ်ခံထားရသည်။

ထိုလုပ်ပိုင်ခွင့်များထဲတွင် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ခြင်း၊ မော်တော်ယာဉ်များကို စီးနင်းခြင်း၊ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်ခြင်း၊ မသွားလာရ ဇုန်များ ကြေညာခြင်း၊ စစ်ဆေးရေးဂိတ်များတည် ထောင်ခြင်းနှင့် အဓိကအခြေခံ အဆောက်အအုံနေရာများတွင် လုံခြုံရေးကို တိုးမြှင့်ချထားခြင်းတို့ ပါဝင်သည်။

ထို့ပြင် သြဂုတ ်၁၀ ရက် ညအချိန်က ယူကရိန်း၏ ဒရုန်း ၁၄ စင်း၊ Tochka-U နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် လေးစင်းတို့ကို ကာ့စ်ဒေသ၏ ကောင်းကင်ယံတွင် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။                 

Ref:AFP

Most Read

Most Recent