ကျိန္တလီမြို့ကို AA က ထိန်းချုပ်ပြီး ဂွမြို့သို့ ဆက်လက်တိုက်ခိုက်၍  ယင်းမှတစ်ဆင့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့နှင့် ကမ်းခြေဒေသများကို စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်ကာ ရန်ကုန်ကို ဖိအားပေးစစ်ဘောင်ချဲ့ရန် ပြင်ဆင်လာ

ကျိန္တလီမြို့ကို AA က ထိန်းချုပ်ပြီး ဂွမြို့သို့ ဆက်လက်တိုက်ခိုက်၍  ယင်းမှတစ်ဆင့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့နှင့် ကမ်းခြေဒေသများကို စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်ကာ ရန်ကုန်ကို ဖိအားပေးစစ်ဘောင်ချဲ့ရန် ပြင်ဆင်လာ
Published 17 August 2024

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖော်ဆောင်နေသည့် AA အဖွဲ့သည် သံတွဲမြို့နယ် နှင့် ထိစပ်နေသည့် ဂွမြို့နယ် ကျိန္တလီမြို့ကို သြဂုတ် ၁၄ ရက်က သိမ်းယူထားခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြမှုအရ သိရပြီး ၎င်းတို့အနေဖြင့် ဂွမြို့ကိုဆက်လက် တိုက်ခိုက်ကာ ယင်းမှတစ်ဆင့် ဧရာဝတီတိုင်း ရှိမြို့နယ်အချို့နှင့် ကမ်းခြေဒေသများကို စိမ့်ဝင်ထိုးဖောက်တိုက်ခိုက်၍ ရန်ကုန်ကို ဖိအား ပေးစစ်ဘောင်ချဲ့ရန် ပြင်ဆင်လာသည့် အခြေအနေ ဖြစ်လာသည်။

AA အဖွဲ့အနေဖြင့် ဂွမြို့ကို သိမ်းပိုက် ရရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထား ခြင်းမရှိသေးသော်လည်း  မြေပြင်သတင်းများ အရ ဂွမြို့အား AA အဖွဲ့က ထိန်းချုပ်ရန် လုပ်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်ဖွယ် ရှိကာ တပ်မတော်အနေဖြင့် ကျိန္တလီမြို့ပြင်ရှိ ကျိန္တလီ-ဂွ သွားကားလမ်းပေါ်တွင်ရှိသော ရတနာမြိုင်တံတားတွင် ခံစစ်ပြင်တပ်စွဲထား ကြောင်း စစ်ရေးအခြအနေအပေါ် စောင့် ကြည့်သိရှိသည့် ရခိုင်ဒေသခံအချို့၏ပြော ကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့ ပေါ်ရှိ တပ်စခန်းနှစ်ခုနှင့် မြို့မရဲစခန်းကို သြ ဂုတ် ၁၂ ရက်မှစ၍ AA က ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အမှတ် ၁ နှင့် အမှတ် ၃ ရပ်ကွက်များတွင် တိုက်ပွဲများ ပြင်း ထန်ခဲ့ကြောင်းသိရကာ ဒေသခံအချို့ တိုက် ပွဲအတွင်း ပိတ်မိမှုများ ရှိခဲ့သည်။

ကျိန္တလီမြို့တွင် ရပ်ကွက်သုံးခု၊ အိမ်ခြေ တစ်ထောင်ကျော် လူဦးရေ သောင်းဂဏန်း ခန့်ရှိပြီး ဒေသခံအများစုမှာ တိုက်ပွဲမစတင် ခင်ကပင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။

“ကျိန္တလီ မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်၊ AA က ဂွကို သိမ်းဖို့ ပြင်တာပေါ့၊ တပ်ကတော့ ရေတပ်ကရော လေ‌ကြောင်းကပါ ပစ်ကူပေး တိုက်ခိုက်တာတွေရှိတယ်လို့ ကြားရတယ်၊ ကျိန္တလီမှာ ဒေသခံတွေက တော့ အများစုပါပဲ ကြိုပြီး တိုက်ပွဲရှောင်ခဲ့ရတယ်။ ဘယ်လိုမှ နေ လို့လည်း မဖြစ်ဘူး။ ဂွ အခြေအနေကတော့ တိုက်ပွဲ ပြင်းထန်လာနိုင်မယ် ဒီပုံစံဆိုရင် တော့”ဟု စစ်တွေသို့ စစ်ရှောင်ခဲ့ရသည့် ရခိုင် ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ကျိန္တလီသို့ ဝင်ရောက်နေသည့် AA အဖွဲ့ကို တပ်မတော်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်မှုများလည်း ပြုလုပ်လျက် ရှိကြောင်း ကြားသိရသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်း၊ သာပေါင်းနှင့် ကမ်းခြေဒေသ များသို့ ဆက်လက်တိုက်ခိုက်လာဖွယ်ရှိပြီး  စိမ့်ဝင်ဝင်ရောက်မှုများလည်း ရှိနေနိုင်သဖြင့် လုံခြုံရေးစစ်ဆေးမှုများ တင်းကျပ်ရန်လိုအပ် ကြောင်း သာပေါင်းဒေသခံအချို့၏ ပြော ကြားမှုအရ သိရသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင် လည်း ဂွဘက်မှ ဧရာဝတီတိုင်းဘက်သို့ တိမ်း ရှောင်လာသည့် စစ်ရှောင်များ၊ ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်များသို့ တိမ်းရှောင်လာသည့် စစ်ရှောင်များတွင် AA အဖွဲ့များ ပါဝင်လာ နိုင်သဖြင့် အမှန်တကယ်စစ်ရှောင်ဟုတ် မဟုတ်ကို စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုရေးသားမှုများ ရှိနေသည်။

ငသိုင်းချောင်းဒေသခံတစ်ဦးက “ဧရာ ဝတီတိုင်းက အခုနိုင်ငံရေးပဋိပက္ခမှာ အ တတ်နိုင်ဆုံး မြို့ရွာတွေ မထိခိုက်အောင် အေးဆေးစွာနေခဲ့ကြတာ။ အားလုံးလည်း သူ့ဟာနဲ့သူလည်ပတ်နေတယ်။ အခုက တိုက် ပွဲက ရခိုင်ဘက်က ဆင်းလာရင် ကိုယ်တွေ ဘက်က အနီးဆုံးဆိုတော့ စိုးရိမ်တာပေါ့။ ဒီအတိုင်း သူတို့ချက်ခြင်းကြီးဝင်လာလို့မရပေမဲ့ ကြိုတင်ပြီးရောက်ရှိနေတာတွေရှိနိုင်တဲ့အတွက် သက်ဆိုင်ရာက စစ်ဆေးမှုတင်း ကျပ်စွာလုပ်ဖို့ အကြံပြုလိုပါတယ်” ဟု ပြော ကြားသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အ တွင်းရှိ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက် တော်၊ သံတွဲမြို့များကို သိမ်းယူထားကြောင်း ၎င်းင်းအဖွဲ့၏ ထုတ်ပြန် ပြောကြားမှုများအရ သိရသည်။

ထို့ပြင် တောင်ကုတ်၊ ကျောက်ဖြူနှင့် အမ်း ဧရိယာများတွင်လည်း AA အဖွဲ့များ ရောက်ရှိကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်း မြို့များကို သိမ်းယူထားခြင်းမရှိသေးသော် လည်း ယင်းဒေသများတွင် အချိန်မရွေး တိုက် ပွဲများပြင်းထန်လာနိုင်သည့် အခြေအနေရှိ နေကြောင်းလည်း သိရသည်။

သို့ရာတွင် AA အဖွဲ့အနေဖြင့် တရုတ် နိုင်ငံ၏ အရေးပါသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းရှိသည့် ကျောက်ဖြူမြို့ တွင်လည်း တိုက်ပွဲဖော်ဆောင်မှုကို သတိ ထားလုပ်ဆောင်နေသည့် အခြေအနေမျိုး တွေ့မြင်ရသည်။

ထို့ပြင် AA အနေဖြင့် ရခိုင်ပြည်နယ်တွင် တပ်မတော်၏ အဓိက စစ်ဌာနချုပ်ဖြစ်သည့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိဘဲ အမ်းနှင့် မကွေးတိုင်းဒေသကြီး ဆက်သွယ်ထားသည့် အမ်း-မင်းဘူး ကားလမ်းတွင် ဖြတ်တောက် ထိန်းချုပ်မှုများ ပြုလုပ်ထားသဖြင့် ယင်းလမ်း ပိုင်းတွင်လည်း မကြာခဏ AA နှင့် တပ်မ တော်စစ်ကြောင်းများ ထိတွေ့တိုက်ပွဲများ ရှိနေသည်။

AA အဖွဲ့သည် မကွေးတိုင်းဒေသကြီး ငဖဲမြို့ဧရိယာအထိ တိုက်ပွဲများဖော်ဆောင် လျက်ရှိကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး ဧရိယာအတွင်း ၎င်းင်းတို့ လှုပ်ရှားသွားလာမှုပြုလုပ်နေကြောင်း သိရ သည်။

အလားတူ AA အဖွဲ့သည် ရခိုင်ပြည် နယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းယူထားကာ ချင်းပြည်နယ်အတွင်းရှိ မြို့ အချို့တွင် ချင်းလက်နက်ကိုင်အဖွဲ့အချို့ နှင့် ပူးပေါင်း၍ မြို့သိမ်းတိုက်ပွဲများလည်း ဖော် ဆောင်လျက်ရှိသဖြင့် ၎င်းင်းတို့ ချင်းပြည်နယ် အတွင်း ဝင်ရောက်လာမှုကို လက်မခံသည့် အခြားချင်းလက်နက်ကိုင်အဖွဲ့များနှင့် ဒေ သခံများက ကန့်ကွက်ဝေဖန်ခဲ့သည်။

AA အဖွဲ့အနေဖြင့် ယခု ကျိန္တလီမြို့အား ဝင်ရောက်ထိန်းချုပ်ထားပြီးနောက် ကျိန္တလီ မြို့နှင့် ၄၄ မိုင်သာဝေးသည့် ဂွမြို့ကိုလည်း ဆက်လက်တိုက်ခိုက်မည့် အလားအလာရှိနေ ကြောင်းလည်း သိရသည်။        

အကယ်၍ဂွမြို့ကိုသာ ၎င်းတို့အနေဖြင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မှုများပြုလုပ် နိုင်ခဲ့ပါက ယင်းမှတစ်ဆင့် ဧရာဝတီတိုင်း ငါးသိုင်းချောင်း၊ သာပေါင်းဒေသများကို ဆက်လက်ဆင်းလာမည်ဆိုပါက ၎င်းင်းတို့၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏စပါးကျီ ဖြစ်သည့် ဧရာဝတီတိုင်းထိပါ တိုက်ခိုက်လာ မည့်အခြေအနေထိ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု စစ်ရေးလေ့လာစောင့်ကြည့်သုံးသပ်သူတစ် ဦးက ပြောကြားသည်။

“AA က အခု အမ်းကို ပိတ်ဆို့ထားတဲ့ပုံစံ လုပ်ထားပြီး မတိုက်ဘဲနဲ့ သူတို့ရဲ့ပစ်မှတ်က ဂွအထိရောက်လာတယ်။ AA အတွက်ကော ကျန်တဲ့အရပ်သားတွေအတွက်ကောက စား နပ်ရိက္ခာကလည်းအရေးကြီးတယ်လေ။ AA က သူတို့အတွက် စားနပ်ရိက္ခာကို ဧရာဝတီ ဘက်ကနေ နည်းလမ်းပေါင်းစုံနဲ့ သွားနေ တယ်လို့ ကြားရတယ်။ သူတို့ အမ်းလိုနေရာကို မတိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အ တွက် လူသူလက်နက်ရှိရင်တောင် စားနပ် ရိက္ခာလိုတယ်။ သူတို့အတွက် ဘင်္ဂလားဒေ့ရှ် ထွက်ပေါက်ကိုရဖို့ တိုက်နေရပေမဲ့ မောင် တောမှာပြဿနာပေါင်းစုံရှိနေတယ်။ ပြီး တော့ ဘင်္ဂလားဒေ့ရှ်က စားရေရိက္ခာက လို အပ်ချက်ရှိလို့ အရင်ကတည်းက မြန်မာဘက် ကတောင်ပြန်သွင်းနေရတယ်။ အဲဒီတော့ AA အတွက် ရိက္ခာက အိန္ဒိယလမ်းကြောင်း အဲဒီအတွက် ချင်းကိုတိုက်တယ်။ မကွေးလမ်း ကြောင်း အဲဒီအတွက် အမ်းက နပခစစ်ဌာန ချုပ်ကို ဖြတ်တောက်ပြီး မကွေးဘက်လမ်း ကြောင်းကို သူတို့ အလွယ်တကူသွားလာလို့ ရအောင်လုပ်ထားတယ်။ အခုဧရာဝတီလမ်း ကြောင်းကို ဆက်တိုက်တယ်။ အကယ်၍ သူ တို့ ဂွမှာပဲရပ်ရင်တော့ ကိစ္စမရှိဘူး။ ဧရာဝတီ အထိ ဆက်တိုက်ပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်ပါ ခြိမ်းခြောက်ခံ ရမယ်။ အဲဒါကိုတော့ သတိပြုဖို့လိုတယ်။ ကျောက်ဖြူကတော့ တရုတ်နိုင်ငံစီမံကိန်းရှိ တဲ့အတွက် တိုက်ပွဲကြီးကြီးမားမားဖြစ်မယ်မ ထင်ဘူး။ သူတို့ ကျောက်ဖြူကိုတော့ သတိ ထားလုပ်နေပုံရတယ်။ ကျန်တဲ့ဒေသတွေကို တိုက်ပြီးမှ AA က တပ်နဲ့စကားပြောလာမယ့် သဘောလဲဖြစ်နိုင်တယ်”ဟု စစ်ရေးလေ့လာ စောင့်ကြည့်သုံးသပ်သူတစ်ဦးက ပြောကြား သည်။

လက်ရှိတွင် AA အဖွဲ့အနေဖြင့် ဘူးသီး တောင်မြို့ကို သိမ်းယူထားပြီး မောင်တောမြို့ နယ်ရှိ နယ်ခြားစောင့်တပ်စခန်းအများအပြား ကို တိုက်ခိုက်သိမ်းယူထားကြောင်း ပြောဆို မှုများရှိနေသော်လည်း မောင်တောမြို့အား အပြီးသတ်သိမ်းယူနိုင်ခြင်းရှိ မရှိအပေါ် မြေ ပြင်အခြေအနေမှန် သိရှိနိုင်ရန် ခက်ခဲပြီး ဒေ သခံရင်းမြစ်များ၏ အဆိုအရ မောင်တော မြို့ တွင်  တပ်မတော် က ဆက်လက်ရှိ‌နေဆဲဖြစ် ကြောင်း သိရသည်။

ရခိုင်တွင် AA ၏တိုက်ပွဲဖော်ဆောင်မှု အခြေအနေများနှင့်ပတ်သက်၍ ဝေဖန်ခံရမှု များရှိနေပြီး ဘူးသီးတောင်နှင့် မောင်တော တိုက်ပွဲများအတွင်း ဘင်္ဂါလီ များ သေဆုံးမှုနှင့် ပတ်သက်၍ AA အပေါ် နိုင်ငံတကာကပါ စောင့်ကြည့်ဝေဖန်မှုများရှိလာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာနိုင် ငံမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် လာသည့် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များကို ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ ပြီး မိသားစုများနှင့် ကလေးများအပါအဝင် ဒါဇင်နှင့်ချီသည့် လူများ သေဆုံးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည့်အထောက် အထားများနှင့် အင်ဒိုနီးရှားအခြေစိုက် jakata post  သတင်းဌာနက ဖော်ပြခဲ့သည်။

သြဂုတ် ၅  ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ် စဉ်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်သန်း ရန် စောင့်ဆိုင်းနေသည့် မိသားစုများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက် မြင်လေးဦး၊ တက်ကြွ လှုပ်ရှားသူများနှင့် သံတမန်တစ်ဦးက ပြောကြားခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်လက်နက်ကိုင်သူပုန်များအကြား မကြာသေးမီက ဖြစ် ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း  လူသေ ဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည့်  ထိုဖြစ် စဉ်တွင် ကိုယ်ဝန်အရင့်အမာရှိနေသည့်အမျိုး သမီးတစ်ဦးနှင့် အသက်နှစ်နှစ်အရွယ် ၎င်း၏ သမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွက် ရခိုင့်တပ်မတော် (AA)တွင် တာဝန်ရှိကြောင်း မျက်မြင်သုံးဦးက သြ ဂုတ် ၉ ရက်တွင် ပြောကြားခဲ့သော်လည်း ထို စွပ်စွဲချက်များကို AA က ငြင်းဆိုခဲ့ပြန်သည်။

ထို့ပြင် ဘူးသီးတောင်တွင် AA က ဘင်္ဂါလီနေအိမ် ၅၀၀၀ ခန့်ကို မီးရှို့ကာ လူ ၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများ၊ ကုလသမဂ္ဂအပါဝင် အခြား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ပြောဆိုခဲ့ ကြပြီး ယင်းနှင့် ပတ်သက်၍လည်း AA က ငြင်းဆိုထားခဲ့ပြန်သည်။

NUG အနေဖြင့် AA နှင့် ဘူးသီးတောင် ၊မောင်တော တိုက်ပွဲနှင့် ဘင်္ဂါလီ ( ရိုဟင်ဂျာ)အရေး အခြေအနေများအပေါ် တွေ့ဆုံဆွေး နွေးမှုများရှိခဲ့ကြောင်းသိရပြီး ယင်းတို့နှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းမည်ဟု ပြောဆို မှုရှိခဲ့ကာ AA နှင့် အတူ အနာဂတ်တိုင်းပြည် အသစ်ကို အတူတကွ ပုံဖော်ဖန်တီးလို ကြောင်းလည်း NUG က ပြောဆိုမှုများရှိခဲ့ သည်။

AA သည် ရခိုင်နှင့် ပလက်ဝဒေသ မြို့ နယ် (၁၀) ခုကို သိမ်းပိုက်ခဲ့ပြီးနောက်တွင်  ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန် အောင်၊ ဂွမြို့နယ်တို့ကို ထိုးစစ်ဆင်သိမ်းပိုက် သွားမည်ဟု ကြေညာထားသည်။

လက်ရှိအချိန်တွင်လည်း ဂွမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ထိုမှတစ်ဆင့် AA အနေဖြင့် နိုင်ငံ၏ စပါးကျီ‌ဒေသဖြစ်သည့် ဧရာဝတီကို ထိုးဖောက်ကာ စီးပွားရေးအ တွက် အချက်အချာကျသည့် ရန်ကုန်ကိုပါ ခြိမ်းခြောက်ရန်အထိ ပြင်ဆင်လာနိုင်ဖွယ်ရှိ ကြောင်းသုံးသပ်မှုများလည်းရှိနေသည်။

Most Read

Most Recent