ဘာဇူနူ၊ အီဒိုဇီ၊ ရှေးချားစ်၊ ဟွမ်လာရီယို့စ်တို့လို လူငယ်တွေအပြင် အငှားနဲ့ လာကစားနေတဲ့ ဟားဝုဒ်ဘဲလစ်ကိုပါ အပြီးသတ်ခေါ်ယူနိုင်တော့မှာပါ။ အားလုံးက မန်စီးတီးပညာရေးနဲ့ ထိတွေ့ခဲကြလို့ အဆင့်တစ်ခုမှာ ရှိကြတယ်။ စိန့်တို့က တန်းတက်ရေး၊ တန်းမဆင်းရေးဆိုတဲ့ ရည်ရွယ်ချက်တင် မဟုတ်ဘဲ အနာဂတ်အတွက် အများကြီးရည်ရွယ်တာ ဒီတည်ဆောက်ပုံကနေ မြင်နိုင်ပါတယ်။ အာဂျင်တိုင်းလူငယ်ကြယ်ပွင့် ကားလို့စ်အယ်လ်ကာရက်ဇ်ဆိုရင်လည်း ဂျူဗင်တပ်စ်မှာ အငှားသွားကစားနေပြီး သူ့ကို အပြီးသတ် ခေါ်ယူချင်ရင် ယူရိုသန်း(၅၀)ပေးချေရမှာပါ။ ခေါ်ယူစဉ်က သုံးခဲ့ရတဲ့ ပေါင်(၁၂)သန်းထက် အများကြီးပိုနေပါပြီ။ ဒီလိုပဲ ဆောက်သမ်တန်ရဲ့ အငှားချထားတဲ့ ကစားသမားတွေထဲမှာ ဘယ်လာကော့ပ်ချပ်၊ ချာလာတာကားတို့လို ပရီးမီးယားလိဂ်အဆင့်မီ ကစားသမားတွေရှိတာဖြစ်လို့ ဒီအသင်းရဲ့ အလားအလာက အားကောင်းပါတယ်။
ပရိသတ်တွေချစ်တဲ့ ဆောက်သမ်တန်ခေတ်ဆီ ပြန်ရောက်နိုင်မလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















