■ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 16 August 2024

အစ်ဝစ်ချ် - လီဗာပူးလ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ညနေ ၆:၀၀ နာရီ)

အာနယ်ဆလော့ရဲ့ခေတ်သစ်တစ်ခုအဖွင့်ကို ကြည့်ရတော့မယ်။ အခုအချိန်အထိ လီဗာပူးလ်က No.6 Role ကို မဖြည့်ရသေးဘူး။ ဘောလုံးက No.6 Role ဆိုတာထက် ပိုပါတယ်။ သူ အများကြီး ရွေးချယ်စရာတွေရှိတယ်။ ရွေးချယ်မှု မှန်၊ မမှန်ကိုပဲ ကြည့်ရမယ်။ အစ်ဝစ်ချ်က မက်ကင်နာနဲ့အတူ ဘာတွေလုပ်ပြမလဲဆိုတာကို စောင့်ကြည့်ချင်စရာကောင်းပေမယ့် လီဗာပူးလ်ကို ယှဉ်ကစားနိုင်မယ်မထင်ဘူး။ လီဗာပူးလ်ပဲ နိုင်မယ်။ 



အာဆင်နယ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၈:၃၀ နာရီ)

အာဆင်နယ်က ပရီးမီးယားလိဂ်မှာ ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်လာတယ်။ အနာဂတ်ကလည်း တော်တော်လေး လှပတယ်။ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံးအသင်းနေရာကို အနာဂတ် လူငယ်ကြယ်ပွင့်တော်တော်များများနဲ့ ဖွဲ့စည်းထားတယ်။ အသင်းက မနှစ်ခြေစွမ်း၊ မနှစ်က ပုံစံကို အပြောင်းအလဲအများကြီး လုပ်မယ်မထင်ဘူး။ အားကောင်းတဲ့လူငယ်တွေနဲ့ နည်းဗျူဟာပိုင်း၊ နည်းစနစ်ပိုင်း အင်အားပြည့်အသင်းတစ်သင်းအနေအထားကို တွေ့ရမယ်။ ဝုလ်ဗ်အသင်းကတော့ လိုအပ်ချက်တွေ တော်တော်များလိမ့်မယ်။ ဂယ်ရီအိုနေးလ်က နည်းပြကောင်းတစ်ဦးဆိုပေမယ့် ဝုလ်ဗ်ရဲ့ ရည်မှန်းချက်က လျော့နေတယ်။ ကစားသမားကောင်းတွေလည်း ဆက်တိုက်ထွက်ခွာနေတယ်။ အာဆင်နယ်အိမ်ကွင်းမှာ အခက်တွေ့အောင် ဝုလ်ဗ်လုပ်နိုင်မယ်မထင်ဘူး။ အာဆင်နယ် (၃) မှတ်နဲ့ စဖွင့်မယ်။ 



အဲဗာတန် - ဘရိုက်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၈:၃၀ နာရီ)

ဘရိုက်တန်ကလည်း အရှိန်နေရနေတဲ့ အသင်းတစ်သင်းကို ပြောင်းလဲမှုထပ်လုပ်လိုက်တယ်။ ဒီဇယ်ဘီရဲ့ ရည်မှန်းချက်နဲ့ မကိုက်ညီပဲ အသင်းက လူမွေးရောင်းစားတဲ့အသင်း ဆန်လာတယ်။ တချိန်ချိန်မှာ ပျက်စီးနိုင်တယ်။ ဒီရာသီတောင် စောင့်ကြည့်ရမယ်ထင်တယ်။ အဲဗာတန်ကလည်း ရာသီမစခင်ကတည်းက သတင်းတွေမကောင်းဘူး။ ဒီပွဲက သရေနဲ့ပဲ အဆုံးသတ်ဖို့များတယ်။ 



နယူးကာဆယ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၈:၃၀ နာရီ)

လူငယ်တွေကို ခေါ်ယူမှု၊ စုဆောင်းမှု ကျွမ်းကျင်တဲ့ ဆောက်သမ်တန်အသင်းက တေလာဟဲဝုဒ်ဘဲလစ်အပါအဝင် လူငယ်တွေနဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထားတယ်။ နယူးကာဆယ်ကတော့ မထင်မှတ်ပဲ အပြောင်းအရွှေ့တွေ တော်တော်ငြိမ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ အသင်းရဲ့အင်အားကတောင့်တင်းပြီးသားပါ။ ဆောက်သမ်တန်ကို ခက်ခက်ခဲခဲ ကစားရနိုင်တယ်။ ဒါပေမဲ့ နယူးကာဆယ် နိုင်ပွဲရမယ်။ 



နော်တင်ဟမ်ဖောရက်စ် - ဘုန်းမောက် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၈:၃၀ နာရီ)

နော်တင်ဟမ်က အဲလီယော့အန်ဒါဆန်ကို ဈေးကြီးပေးခေါ်ထားပြီး ဖီအိုရင်တီးနားရဲ့ ဆားဘီးယားနောက်ခံလူ မီလန်ကိုဗစ်ကိုလည်း ခေါ်ထားတယ်။ အသင်းမှာလည်း ကစားသမားကောင်းတွေရှိပါတယ်။ ဘုန်းမောက်က ဆိုလန်ကီကို ဈေးကြီးနဲ့ ရောင်းထုတ်ထားပြီး ကစားသမားကောင်းအချို့ ပြန်ခေါ်ထားတယ်။ နှစ်သင်းစလုံးခြေစွမ်းကောင်းသလို ကစားပုံလည်းကောင်းကြတယ်။ သရေကျဖို့များတယ်။ 



ဝက်စ်ဟမ်း - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၁၁:၀၀ နာရီ)

ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်တယ်။ ဒီရာသီမှာ ဝက်စ်ဟမ်းရဲ့ ပြင်ဆင်မှုတွေက ထိရောက်တယ်။ ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့အသင်းအဖြစ် မြင်ရတယ်။ အက်စတွန်ဗီလာကလည်း ချန်ပီယံလိဂ်အတွက်ပါ ရည်ရွယ်ပြီး အင်အားဖြည့်တင်းမှုတွေအများကြီး လုပ်ထားတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းရဲ့ အင်အားကြောင့်ရယ်၊ အိမ်ကွင်းအားသာချက်ရယ်ကြောင့် ဗီလာနိုင်ဖို့ ခက်ပါတယ်။