ဘင်္ဂါလီများ ထပ်မံဝင်ရောက်လာခြင်းကို ခွင့်ပြုနိုင်သည့်အခြေအနေမရှိဘဲ AA အဖွဲ့အပေါ် သက်ဆိုင်ရာနိုင်ငံများကတစ်ဆင့် ဖိအားပေးသင့်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ပြောကြား

ဘင်္ဂါလီများ ထပ်မံဝင်ရောက်လာခြင်းကို ခွင့်ပြုနိုင်သည့်အခြေအနေမရှိဘဲ AA အဖွဲ့အပေါ် သက်ဆိုင်ရာနိုင်ငံများကတစ်ဆင့် ဖိအားပေးသင့်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်ပြောကြား
Published 16 August 2024

ဘင်္ဂါလီများ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ထပ်မံဝင်ရောက်လာခြင်းကို ခွင့်ပြုနိုင်သည့်အခြေအနေမရှိဘဲ AA အဖွဲ့အပေါ် သက်ဆိုင်ရာနိုင်ငံများက တစ်ဆင့်ဖိအားပေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မိုဟာမက်တူဟစ်ဟူစိန်က ပြောကြားသည်။

BBC သတင်းဌာနက သြဂုတ် ၁၆ ရက် ထုတ်လွှင့်သည့် ရုပ်သံဖိုင်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်က ဘင်္ဂါလီများ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)နှင့် ပတ်သက်၍ ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)တွေ ထပ်ဝင်လာတာတာကို ခွင့်ပြုနိုင်တဲ့အခြေအနေ ကျွန်တော်တို့မှာမရှိပါဘူး။ ဒါကလူသားချင်းစာနာမှုဆိုင်ရာ ပြဿနာဖြစ်သလို တစ်ကမ္ဘာလုံးနဲ့လည်းဆိုင် ပါတယ်။ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။  ကျွန်တော်တို့လုပ်ခဲ့တာ လက်ခံနိုင်တဲ့ အတိုင်းအတာထက်ကိုပိုပါတယ်။ ကမ္ဘာကလည်း ဒါကိုတာဝန်ယူသင့်တယ်။ ရခိုင်ပြည်နယ်မှာလက်ရှိအဓိက ရှိနေတဲ့ Arakan Army အပေါ်မှာလည်း သက်ဆိုင်ရာနိုင်ငံတွေက တစ်ဆင့်ဖိအားပေးသင့်ပါတယ်။ ဘင်္ဂဂါလီ(မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)တွေထွက်မလာအောင်လုပ်ဖို့ပါ။ ကျွန်တော်တို့မှာ အဲဒီလိုလုပ်နိုင်တဲ့ အခြေအနေမရှိလို့ပါ။ အိန္ဒိယကတော့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။(ဒုက္ခသည်)တချို့သူ တို့ယူချင်ရင်လည်းအဆင်ပြေတယ်။ ကျွန်တော်တို့က တစ်သန်းယူပြီးပြီ။ သူတို့က နှစ်သိန်းယူနိုင်လည်း ပြဿနာမရှိပါဘူး။ ဒါပေမဲ့နောက်ဆုံးပန်းတိုင်ကတော့(ဒုက္ခသည်တွေ)သူတို့နိုင်ငံပြန်ပို့ရေးဖြစ်ပါတယ်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် မိုဟာမက်တူဟစ်ဟူစိန်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြန်မာနိုင်ငံမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဘင်္ဂါလီ (မူ ရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)များကို ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မိသားစုများနှင့် ကလေးများအပါအဝင် ဒါဇင်နှင့်ချီသည့်လူများ သေဆုံးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှားအခြေစိုက် Jakata Post သတင်းဌာနက ဖော်ပြခဲ့သည်။

သြဂုတ်   ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် မိသားစုများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်လေးဦး၊ တက်ကြွလှုပ်ရှားသူများနှင့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်လက်နက်ကိုင်သူပုန်များအကြား မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း  လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်သည့်  ထိုဖြစ်စဉ်တွင် ကိုယ်ဝန်အရင့်အမာရှိနေသည့်အမျိုးသမီးတစ်ဦးနှင့် အသက်နှစ်နှစ်အရွယ် ၎င်းင်း၏ သမီးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွက် ရခိုင့်တပ်မတော်(AA)တွင် တာဝန်ရှိကြောင်း မျက်မြင်သုံးဦးက ရိုက်တာသတင်းဌာနကို သြဂုတ် ရက်တွင် ပြောကြားခဲ့သော်လည်း ထိုစွပ်စွဲချက်များကို AA က ငြင်းဆိုခဲ့သည်။

Ref: BBC/Jakata Post

 

Most Read

Most Recent