■ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆော်ဒီကလပ်များ စိတ်ဝင်စားနေဆဲဖြစ်

■ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဆော်ဒီကလပ်များ စိတ်ဝင်စားနေဆဲဖြစ်
Published 16 August 2024

ဆော်ဒီကလပ်အသင်းများသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ 

သတင်းများအရ ဆော်ဒီကလပ်အသင်းများသည် ရပ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀)အထိပေးချေသွားရန် အသင့်ရှိနေကြောင်း သိရသည်။ 

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီ၌ ခြေစွမ်းမပြနိုင်ခဲ့သလို၊ ပြီးခဲ့သည့် ကွန်မြူနတီဒိုင်းပွဲတွင်လည်း ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ 

သို့သော် အသက် (၂၆) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းမှ ထွက်ခွာလိုခြင်းမရှိဘဲ အသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများတွင် ဗိုလ်စွဲလိုကြောင်း ပြောကြားထားသည်။ 

ရပ်ရှ်ဖို့ဒ်သည် မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် (၉) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၄၀၃) ပွဲတွင် (၁၃၁) ဂိုး သွင်းယူထားသည်။ 

သို့သော် ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ခြေစွမ်းကျဆင်းခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၈) ဂိုးသာ သွင်းယူပေးနိုင်ခဲ့သည်။ 

Most Read

Most Recent