■ ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကို မန်ယူအသင်း ဆက်လက်ကြိုးပမ်းနေ     

■ ဘာစီလိုနာကွင်းလယ်လူ ဒီယွန်းကို မန်ယူအသင်း ဆက်လက်ကြိုးပမ်းနေ     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

မန်ယူအသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းကို ခေါ်ယူရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။ 

ဒီယွန်းသည် မန်ယူနည်းပြ တန်ဟက်ဂ်နှင့် အေဂျက်စ်တွင် လက်တွဲခဲ့ဖူးသူဖြစ်ပြီး မန်ယူအသင်းသို့ တန်ဟက်ဂ် စတင်ရောက်ရှိချိန်ကတည်းက ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော ကစားသမားတစ်ဦးဖြစ်သည်။ 

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းကလည်း ဒီယွန်း၏ လစာငွေမြင့်မားမှုကြောင့် ပြန်လည်ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

Sport ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် ဘာစီလိုနာနှင့် ဒီယွန်းတို့ နှစ်ဦးနှစ်ဖက်စလုံး ကျေနပ်စေမည့် ကမ်းလှမ်းမှုပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

Most Read

Most Recent