■ အိုလံပစ်ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်နှင့် အမေရိကန် ဗိုလ်စွဲရန် ရေပန်းစား

■ အိုလံပစ်ဘောလုံးပြိုင်ပွဲတွင် ပြင်သစ်နှင့် အမေရိကန် ဗိုလ်စွဲရန် ရေပန်းစား
Photo: Getty Images
Photo: Getty Images
Published 9 August 2024

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲများမှာ နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ အမျိုးသားပြိုင်ပွဲတွင် ပြင်သစ်၊ အမျိုးသမီး ပြိုင်ပွဲတွင် အမေရိကန်အသင်းတို့ ဗိုလ်စွဲရန် ရေပန်းစားနေကြောင်း သိရသည်။

အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် အိမ်ရှင် ပြင်သစ်နှင့် စပိန်အသင်းတို့ ဆုံတွေ့နေပြီး ပြင်သစ်အသင်းက (၈း၁၁)လေးဖြင့် ဗိုလ်စွဲရန် ရေပန်းစားနေခြင်းဖြစ်သည်။ 

အဆိုပါဗိုလ်လုပွဲကို သောကြာနေ့(ယနေ့) မြန်မာစံတော်ချိန် ည(၁ဝး၃၀)နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

တတိယလုပွဲကို ကြာသပတေးနေ့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မော်ရိုကိုအသင်းက အီဂျစ်အသင်းကို (၆-၀)ဂိုးဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။  

အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဘရာဇီးလ်နှင့် အမေရိကန်တို့ ဆုံတွေ့နေပြီး အမေရိကန်အသင်းက (၁း၂)လေးဖြင့် ဗိုလ်စွဲရန် ရေပန်းစားနေခြင်းဖြစ်သည်။ 

အဆိုပါဗိုလ်လုပွဲကိုမူ စနေနေ့ မြန်မာစံတော်ချိန် ည(၉း၃၀)နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

တတိယလုပွဲကိုမူ သောကြာနေ့ မြန်မာစံတော်ချိန် ည(ရး၃၀)နာရီတွင် စပိန်နှင့် ဂျာမနီ ယှဉ်ပြိုင်မည်ဖြစ်သည်။