ဒဏ်ရာများကြောင့် ဟာဇက်ကျရှုံးခဲ့ဟု အန်ဆယ်လော့တီဆို

ဒဏ်ရာများကြောင့် ဟာဇက်ကျရှုံးခဲ့ဟု အန်ဆယ်လော့တီဆို
Photo: X
Photo: X
Published 8 August 2024

ရီးယဲလ်မက်ဒရစ်အသင်း၏ အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီက အသင်း၏ကစားသမားဟောင်းဖြစ်သူ ဘယ်လ်ဂျီယံဝါရင့်တောင်ပံကစားသမား ဟာဇက်အနေဖြင့် ဒဏ်ရာပြဿနာများကြောင့် မက်ဒရစ်တွင် ကျရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကစားသမားဘဝမှ အနားယူခဲ့ပြီဖြစ်သည့် ဟာဇက်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)ဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှုပြဿနာများနှင့်အတူ စပိန်မြေတွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်ခဲ့ရသူဖြစ်သည်။

အန်ဆယ်လော့တီက ''သူ့ (ဟာဇက်)ရဲ့ အဓိကပြဿနာက ဒဏ်ရာတွေပါပဲ။ သူဟာ ဒီအခြေအနေတွေကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကျော်ဖြတ်ခဲ့ပေမယ့်အဆင်မပြေခဲ့ပါဘူး'' ဟုဆိုခဲ့သည်။

ဟာဇက်သည် ရီးယဲလ်အသင်းအတွက် (၄)ရာသီအတွင်းပြိုင်ပွဲ စုံ (၇၆)ပွဲကစားရာတွင် (၇)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာတွင် အနားယူခဲ့သည်။

Most Read

Most Recent