ကျိုက်မရောမြို့ပေါ်ရှိ ရေဘေးရှောင်များအား ပြည်သူ့ပါတီ (မွန်ပြည်နယ်-ကျိုက်မရောမြို့နယ်) က ရေသန့်နှင့် အစားအစာများ လှူဒါန်း

ကျိုက်မရောမြို့ပေါ်ရှိ ရေဘေးရှောင်များအား ပြည်သူ့ပါတီ (မွန်ပြည်နယ်-ကျိုက်မရောမြို့နယ်) က ရေသန့်နှင့် အစားအစာများ လှူဒါန်း
ရေဘေးရှောင်များကို ရေသန့်နှင့် အစားအစာများ လှူဒါန်းနေစဉ်
ရေဘေးရှောင်များကို ရေသန့်နှင့် အစားအစာများ လှူဒါန်းနေစဉ်
Published 6 August 2024

ကျိုက်မရောမြို့ပေါ်သို့ ရောက်ရှိနေသည့် ရေဘေးရှောင်ပြည်သူများအား ပြည်သူ့ပါတီ (မွန်ပြည်နယ်-ကျိုက်မရောမြို့နယ်)က သြဂုတ် ၆ ရက် နံနက်ပိုင်းတွင် ရေသန့်နှင့် အစားအစာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရော မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားလျက် ရှိရာ ကျိုက်မရောမြို့ပေါ်တွင် ရေဘေးရှောင် စခန်းတချို့ ဖွင့်လှစ်ထားကြောင်းနှင့် ကျိုက် မရောမြို့ရှိ ရသေ့ကျောင်းတိုက်တွင် ဖွင့်လှစ် ထားသည့် ရေဘေးရှောင်စခန်းတွင် ယာယီခို လှုံလျက်ရှိသည့် အိမ်ထောင်စု ၆၂ စုမှ လူဦးရေ ၁၇၀ ကျော်အား သြဂုတ် ၆ ရက် နံနက်ပိုင်းက ရေသန့်နှင့် အစားအစာများ သွားရောက်ကျွေး မွေးလှူဒါန်းခဲ့ကြောင်း ပြည်သူ့ပါတီ (မွန်ပြည် နယ်-ကျိုက်မရောမြို့နယ်) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရသေ့ကျောင်း တိုက်မှာ ဖွင့်လှစ်ထားတဲ့ ယာယီရေဘေးရှောင် စခန်းမှာက ရွှေ့ပြောင်းလုပ်သားမိသားစုဝင် တွေ များပါတယ်။ ရေဘေးရှောင်ပြည်သူတွေ ကို ထမင်းရယ်၊ ကြက်ဥဟင်း၊ ပဲပြား၊ အာလူး ကုလားပဲဟင်းတွေ ချက်ပြုတ်ကျွေးမွေးလှူဒါန်းပေးခဲ့ပါတယ်” ဟု ပြောကြားသည်။

လတ်တလောတွင် အတ္ထရံမြစ်ရေ အနည်း ငယ်ကျဆင်းနေသော်လည်း လာမည့် ၀ါခေါင် လပြည့် ရေထရက်နီးနေသည့်အတွက်ကြောင့် အတ္ထရံမြစ်ရေမှာ ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းင်းက ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင် ကျရေဆင်းနေသည့်အတွက်ကြောင့် အတ္ထရံ မြစ်ရေလျှံမှုဖြစ်ပွားကာ မွန်ပြည်နယ် ကျိုက်မ ရောမြို့နယ်အတွင်းရှိ အတ္ထရံမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ချောင်းနှစ်ခွ၊ ဖာသိမ် ကမ်းနား၊ ဦးလေး၊ ငါးပြေမ၊ စံပယ်ဂူ၊ နိတုံ၊ မယ် ဂရို၊ ကွာငန်း၊ ဘိန်းဗျောအောက်၊ ပေါလော ကုန်း၊ လမုခိုနှင့် ကျိုက်မရောမြို့ပေါ်ရှိ မြစ် ကမ်းနားအပိုင်းများ အစရှိသည့် ကျေးရွာများ အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ၁၂ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ရေဘေးသင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

လတ်တလော ရေကြီးရေလျှံမှုဖြစ်ပွားနေ သည့် ကျေးရွာများအတွင်း ရေဘေးသင့်ဒေသ ခံများအတွက် ရေသန့်၊ အစားအစာနှင့် ဆေး ၀ါးလိုအပ်ချက်များရှိလာပြီဖြစ်ကြောင်း သိရ သည်။

 

 

Most Read

Most Recent